အပိုင်း 18(ZawGyi&Unicode)

1.3K 180 15
                                    


"ရိပေါ် "  "ဟွားဟွား "

နှစ်ယောက်သား ပြိုင်တူခေါ်ထွက်မိလိုက်တဲ့အချိန် ဘေးချင်းယှဥ်လျှောက်နေရာက တစ်ယောက်နဲ့တစ်ယောက်လှည့်ကြည့်မိလိုက်ကြသည်။ ဟွားဟွားက ပြုံးသည်ဆိုရုံမျှလေးပြုံးသွားရင်း အရင်ပြောပါဆိုသည့်ဟန်လေးနဲ့။

ကလေးတွေကိုသင်တန်းပေးပြီးအပြန်မို့ နေရောင်ကအနည်းငယ်ညို့နေပြီ။ အခြေခံသံစဥ်တွေနဲ့ ကဗျာသုံးပုဒ်လောက်ကို တီးခတ်နိုင်နေကြပြီမို့ သူတို့သင်ပေးခဲ့တာက ခရီးတွင်နေပြီလို့ဆိုရမယ်။

ရိပေါ်တယောအိတ်ကို ပခုံးမှာပြန်ပြင်လွယ်ရင်း ဟွားဟွားနဲ့မျက်နှာချင်းဆိုင်မှာ ခြေစုံရပ်ထားလိုက်သည်။

"ငါနောက်သုံးရက်အတွင်း ပြန်တော့မယ်လို့ စီစဥ်ထားတယ်။ "

"သုံးရက်အတွင်းလား? "

ဘာမှပြောင်းလဲသွားခြင်းမရှိသလို မျက်နှာထားလေးပေမဲ့ ချထားတဲ့သူမလက်ဖျားလေး လှုပ်ရှားသွားတာကို မြင်လိုက်ရတယ်။

"အင်း။ ငါတို့ကျောင်းပိတ်ရက်က မကုန်သေးပေမဲ့...ငါပြန်ဖို့အကြောင်းရင်းကရှိလာပြီမလား။ ကျောင်းမဖွင့်ခင် ငါကျန့်ကောကို ပေကျင်းကဆေးရုံကြီးတစ်ခုမှာ ဆေးကုသမှုခံယူစေချင်ပြီ။ "

"ကောင်းပါတယ်။ နင်ပြန်သွားလို့ရနေပြီပဲ။
ကလေးတွေက ငါတစ်ယောက်ထဲသင်ပေးလို့ရတဲ့ အခြေနေဖြစ်နေပြီဆိုတော့လေ။ "

"ငါ ပေကျင်းရောက်တာနဲ့ ကလေးအယောက်နှစ်ဆယ်အတွက် တယောတွေပို့ပေးလိုက်မယ်။ ပစ္စည်းအလုံလောက်နဲ့ဆို သူတို့ပိုအဆင်ပြေသွားမှာပါ။ "

ထိုအခိုက် ဟွားဟွားဆီက ဘယ်လိုသဘောမှန်းမသိတဲ့ ရယ်သံလေးထွက်လာခဲ့တယ်။ ဘာမှန်းလဲမသိပေမဲ့ သူလဲဒီအခြေနေကြား အနေခက်သလိုနဲ့ အနေအထားတစ်ခုက စိတ်ကိုလွတ်လွတ်လပ်လပ်မဖြစ်အောင် ပိတ်ပင်တားဆီးထားသလို ခံစားနေရတယ်။

"ရိပေါ်... "

ခုနကပဲ ရယ်သံလွင်လွင်လေးနဲ့ဖြစ်နေခဲ့တဲ့သူမက ဒီတစ်ခါမှာတော့ ပူပူဆွေးဆွေးဖြစ်နေတဲ့ မျက်နှာလေးနဲ့ မော့ကြည့်လာခဲ့ပြီ။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now