အပိုင်း 37(ZawGyi&Unicode)

955 114 9
                                    

တစ်လွှာချင်းဖယ်ချလိုက်တဲ့ ပတ်တီးတွေရဲ့အဆုံး စူးစူးရှရှအလင်းတန်းက မျက်ဝန်းအိမ်ထဲပြင်းပြစွာဝင်ရောက်လာခဲ့သည်။ ရှေ့ကဆရာဝန်ရဲ့ ဖြည်းဖြည်းချင်းမျက်စိဖွင့်ဖို့ပြောနေတဲ့အသံတွေနဲ့အတူ အနည်းကျဥ်းလေးပဲဖွင့်ဟရသေးတဲ့မျက်ခွံကို သူချက်ချင်း လက်ဖဝါးနှစ်ဖက်နှင့် ပိတ်ဆို့တားဆီးပစ်လိုက်ပြီ။

"အလောမကြီးပါနဲ့ ။ ကျွန်တော်တို့ တဖြေးဖြေးချင်းပဲ ဒီအလင်းရောင်ကိုပြန်အလေ့ကျင့်ယူရမယ်။ "

ထပ်လောင်းဆရာဝန်ရဲ့စကားမှာ သူခေါင်းငြိမ့်ပြလိုက်ရင်း မျက်စိမှိတ်ထားလျက်ပင် အုပ်ကာထားတဲ့လက်နှစ်ဖက်ကို ဖယ်ချလိုက်သည်။ ထို့နောက် မျက်နှာဆီတစ်စုံတစ်ယောက်က မျက်မှန်တပ်ပေးလာတဲ့အပြုမူ။

"ရပြီ။ ဒါက မမြင်တာကြာပြီဖြစ်တဲ့အလင်းရောက်အတွက် ခင်ဗျားရဲ့မျက်ကြည်လွှာကိုထိန်းပေးမဲ့ ဆေးမျက်မှန်ပါ။ အခုတော့ အဆင်ပြေလောက်ပါပြီ။ ထပ်ပြီးမျက်လုံးဖွင့်ကြည့်ပါဦး။ "

ဆရာဝန်ရဲ့စကားအတိုင်း ဖြေးညင်းစွာဖွင့်လိုက်တဲ့အမြင်အာရုံတွေထဲ ပုံရိပ်ထင်လာပြီဖြစ်တဲ့ ရှေ့တူရူမှအရာတွေ။ သူ့အား မျက်ရည်အဝိုင်းသားနဲ့ ကြည့်နေတဲ့ မိန်းမကြီးတစ်ယောက်က ကျန့်ကျန့်ဆိုတဲ့စကားလုံးကို တဖွဖွရေရွတ်နေပေမဲ့ အသံတော့ထွက်မလာခဲ့ဘူး။

"မား...မားလား ? "

ပြတ်တောင်းစွာ​မေးလိုက်မိတဲ့စကားမှာ ခေါင်းတငြိမ့်ငြိမ့်နဲ့ ဝမ်းသာမျက်ရည်တွေကျလာတဲ့သူမ။

စိတ်ထဲကနေပဲ ပုံဖော်ဖြစ်ခဲ့တဲ့မားရဲ့ ပုံစံလေး။ အနောက်မှာထုံးချည်ထားတဲ့ဆံပင်လေးက အမြဲတမ်းလုံးလုံးသေးသေးနဲ့မို့ ဆံပင်ရှည်မထားဘူးဆိုတာ သူအစောကြီးထဲကသိတယ်။ ပြီးတော့ အရပ်ပုတဲ့အထဲပါတဲ့ကိုယ်လုံးကိုယ်ထည်နဲ့။ ခန့်မှန်းထားခဲ့တဲ့ ဒီနှစ်ခုကတကယ်ကိုမလွှဲခဲ့ဘူး။

"မားကို မြင်ရပြီလားဟင်။ "

"ပါးကိုရော မြင်ရတယ်မလား။ "

"ဟွားဟွားကိုရော? "

ဆက်တိုက်ထွက်ကျလာတဲ့ စကားသံတွေမှာ တစ်ခန်းလုံးကို သူဝေ့ဝိုက်ကြည့်လိုက်သည်။ ဖာသာရော ရိပေါ်ရဲ့ပါးနဲ့မားပါ လူစုံတက်စုံ သူ့ကိုစောင့်ကြည့်နေတဲ့အခန်းက တာဝန်ခံဆရာဝန်တစ်ယောက်နဲ့ သူနာပြုမလေးအပါအဝင် တရုန်းရုန်းဖြစ်နေခဲ့သည်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now