အပိုင်း 27(ZawGyi&Unicode)

1K 143 34
                                    


သူနာပြုလေးရဲ့အခန်းထိလိုက်ပို့မှုမှာ ရှောင်းကျန့် တိတ်တိတ်လေးလိုက်ပါလာရင်း နည်းနည်းတော့ စိတ်ကောက်ချင်လာသည်။ လိုအပ်တာတွေ သွားဝယ်မယ်ဆိုပြီး ထွက်သွားတဲ့ရိပေါ်က သူဆေးစစ်ပြီးတဲ့အချိန်ထိကို ရောက်မလာခဲ့သေးဘူး။

" ဘာတွေဝယ်နေလို့ အဲ့လောက်ထိကြာနေပြန်တာလဲ။ "

"ရှင် ! "

တိုးတိုးလေးသာပြောထွက်လိုက်တဲ့ သူ့အသံကို သူနာပြုလေးက ကြားဖြစ်အောင်ကြားသွားသေးသည်။

"ဘာ...ဘာမှမဟုတ်ပါဘူး။ အခန်းကိုရောက်တော့မယ်မလား။ "

"ရှေ့တင်ပဲ ရောက်ပါပြီ။ တံခါးတောင် ဟထားတာပဲ။ လူရောက်နေပြီထင်တယ်။ "

နှုတ်ခမ်းလေးတွန့်ရင်းသာ ရှောင်းကျန့်က နှာတစ်ချက်မှုတ်ထုတ်လိုက်သည်။

"ဧည့်သည်များလားရှင်။ "

သို့သော် အခန်းထဲရောက်ရောက်ခြင်း သူနာပြုလေးဆီက ကြားလိုက်ရသော ဧည့်သည်ဆိုတဲ့စကား။

"မဟုတ်ပါဘူး။ လူနာရဲ့ရင်းနှီးတဲ့အသိမိတ်ဆွေပါ။ "

အထက်တန်းလွှာကျကျ ခပ်ချိုချိုမိန်းမတစ်ယောက်ရဲ့အသံမှာ ရှောင်းကျန့် တုန်လှုပ်စွာနဲ့ ဝှီးချဲလက်တန်းကို မသိမသာဆုတ်ကိုင်မိလိုက်သည်။

"ဒါဆို ကျွန်မသွားလိုက်ပါအုံးမယ်။ လူနာရှင်ပြန်ရောက်လာရင်သာ ဆရာဝန်ကြီးဆီလာတွေ့ဖို့ ပြောပေးပါအုံး။ "

"စိတ်ချပါ။ ကျွန်မ ပြောပေးလိုက်ပါ့မယ်။ "

အခန်းတံခါးဆွဲပိတ်သွားတဲ့အသံမှာ ကူကယ်ရာမဲ့နေတဲ့ ကလေးတစ်ယောက်လိုပဲ ရှောင်းကျန့်ရဲ့မျက်လုံးတွေက မတည်မငြိမ်နဲ့ဖြစ်လာသည်။ ထို့နောက် သူ့ရှေ့တည့်တည့်က ဆိုဖာမှာလာထိုင်လိုက်တဲ့အသိမှာ ရှောင်းကျန်ကတုန်ကယင်နဲ့ နှုတ်ဆက်မှုပြုလိုက်သည်။

"နေကောင်းရဲ့လား အန်တီ။ "

တစ်ဆက်ထဲမှာပဲ မျက်နှာချင်းဆိုင်က ရိပေါ်မားမားက ခပ်ဖွဖွရယ်သံလေးနဲ့ မတိုးမကျယ်ရယ်သည်။ ခန့်မှန်းရမခက်လွန်းပေမဲ့ ဒီရယ်မောမှုက ရှောင်းကျန့်ကို တစ်ခဏအတွင်း ပင်ပန်းစေခဲ့တယ်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now