ကားရှေ့ခန်းတံခါးကိုဆွဲဖွင့်ပြီးသည်နှင့် ဝှီးချဲပေါ်ကသူ့ကို ဆွေ့ခနဲပွေ့ချီလိုက်သည့်လက်မောင်းနှစ်ဖက်က သန်မာတောင့်တင်းစွာ။ ရှောင်းကျန့်အသံပင်မထွက်နိုင်လိုက်ချိန်အတွင်း ချန်ဖုန်းရဲ့ရင်ခွင်ထဲမျက်လုံးပြူးသွားရသည်။ ရုတ်တရက်အသက်ရှူမှုတွေတောင် ရပ်တန့်သွားရရင်း ဒီလူကို ဘယ်လိုစကားလုံးနဲ့ ဘာဖြစ်ပါတယ်ဆိုပြီး စကားစလိုက်ရမလဲတောင်မသိခဲ့ဘူး။သို့ပေမဲ့ ချန်ဖုန်းအတွက်တော့ ဒီလိုလုပ်လိုက်တာဟာ အထွေအထူးကိစ္စရပ်မဟုတ်သလို အလွယ်တကူလေးနဲ့ ဘာမှလည်းစိတ်ထဲရှိပုံမပေါ်။ ဘယ်လောက်ပဲ သူစိမ်းလူတစ်ယောက်ကို ရင်းနှီးလွယ်တတ်တဲ့သူဖြစ်ပါစေ မကြာသေးမီအချိန်ကမှ စကားစပြောဖူးတဲ့ ရင်းနှီးကာစလူနှစ်ယောက်ကြား အခုလုပ်လိုက်တဲ့အပြုမူက သိပ်ကိုဇိုးဇိုးဇွတ်ဇွတ်နိုင်ပြီး အတင့်ရဲရာကျလွန်းနေတယ်။
နောက်ဆုံး မခံသည့်မခံသာ မနေနိုင်လွန်းစွာနဲ့ သူ့ပါးစပ်က အထစ်ထစ်အငေါ့ငေါ့ထွက်သွားရချေပြီ။
"ချန်...ဖုန်း...."
"ဘာဖြစ်လို့လဲ။ တစ်ခုခုလုပ်ချင်လို့လား။ "
ကားခန်းထဲ သူ့ကိုထည့်ပေးဖို့အပြုမှာပဲ ချန်ဖုန်းက အပြုံးတစ်ခုနဲ့ မျက်ခုံးလေးပင့်ပြရင်း ဘာအလိုရှိသလဲဆိုတဲ့ပုံစံလေးနဲ့မေးလို့။ ရှောင်းကျန့် ပိုပြီးတောင်အနေခက်သွားရသည်။ ဒီလူရဲ့ပုံစံ အပြုမူတစ်ခုချင်းစီက ကလေးငယ်တစ်ဦးကိုဂရုစိုက်ပြုစုနေခဲ့သလို။
တစ်ချိန်ထဲမှာပဲ သူ့စိတ်ထဲအတွေးတွေများလာတယ်။ ဒီနေ့မှာပဲ လွန်ခဲ့တဲ့အချိန်အနည်းငယ်က ရှောင်းကျန့် ပထမဆုံးစကားပြောဖူးတဲ့ ချန်ဖုန်းဟာ အေးတိအေးစက်နိုင်လွန်းပြီး မထုံသက်ထေးနဲ့ မြင်မြင်ချင်းခင်ချင်စရာကောင်းတဲ့သူမျိုးမဟုတ်ဘူးလို့ မှတ်ချက်ချလို့ရတယ်။ ဒါပေမဲ့ အခု သူနဲ့ဆက်ဆံပြောဆိုနေမိတဲ့ချန်ဖုန်းကတော့ သိပ်ကိုလွတ်လပ်နေပြီး ပွင့်လင်းလွန်းတာထက် ဘာကိုမှဂရုစိုက်ဟန်မရှိသူလို။ ပြောရရင်တော့မကောင်းပေမဲ့ ကိုယ့်ချစ်သူရည်းစား တမလွန်ရောက်သွားတာမကြာသေးတဲ့အချိန်မှာ သူက အဲ့လောက်ထိရွှင်လန်းဖို့လိုလို့လား။
YOU ARE READING
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fanfiction' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '