အပိုင်း 22(ZawGyi&Unicode)

1.5K 176 30
                                    


အခန်းတစ်ခုလုံးကို အမှောင်ချပြီးတဲ့နောက် ဖယောင်းတိုင်တွေကိုသာအားပြုပြီး အဝါရောင်အလင်းတန်းလေးတွေနဲ့ အလှဆင်ထားလိုက်သည်။ နှင်းဆီနီနီတွေကိုတော့ ပွင့်ချပ်လွှာတွေအလိုက်ခြွေချပြီး လမ်းလျှောက်ရမဲ့နေရာတိုင်းမှာ အပြည့်ခင်းထားတယ်။

အခန်းအလယ်တည့်တည့်မှာတော့ သူစိတ်တိုင်းကျလုပ်ခိုင်းလာတဲ့ လက်စွပ်လေးနှစ်ကွင်းကို ခုံတစ်ခုပေါ်အဆင်သင့် တင်ထားပြီးပြီ။ မင်္ဂလာပွဲအတွက် အလိုက်ဖက်ဆုံး ဝိုင်တစ်ပုလင်းနဲ့  တစ်ပေကျော်မြင့်တဲ့ချောကလက်ကိတ်လေးတစ်ခုလဲပါတယ်။ ပြီးတော့ ထောက်တိုင်နဲ့တကွတပ်ဆင်ထားပြီးဖြစ်တဲ့ ကင်မရာတစ်လုံးလဲရှိထားတယ်။

ညခုနစ်နာရီအချိန်မှာ အကုန်ပြင်ဆင်ပြီးသွားတဲ့ရိပေါ်ကတော့ သူ့နဖူးကချွေးစတွေကို လက်မောင်းကအင်္ကျီစလေးနဲ့လှမ်းသုတ်ရင်း ကျေနပ်စွာပြုံးလိုက်သည်။ နေ့လည်လောက်ကနေ သူအပြင်ထွက်ပြီး ဝယ်စရာရှိတာတွေဝယ်လိုက်တာ နေဝင်မှ အိမ်ကိုပြန်ရောက်လာတယ်လေ။ အဲ့ဒီအချိန်ရှောင်းကျန့်က အိပ်ရာထဲအိပ်ပျော်နေခဲ့ပြီ။

သိပ်ကိုပြီးပြည့်စုံနေတဲ့ မင်္ဂလာအခမ်းနားလေးတစ်ခုဆိုတာထက်ကိုပိုတယ်။ အားပေးထောက်ခံကာ လက်ခုပ်တီးပေးမဲ့ မည်သူတစ်ဦးတစ်ယောက်မျှမပါပေမဲ့ သူတို့နှစ်ယောက်အတွက်တော့ ပြောပြမရအောင်တန်ဖိုးရှိနေခဲ့မှာပဲ။

ဒီကနေ့မှာမှ ချက်ချင်းပြင်ဆင်လိုက်ရလို့ အဖြူရောင်သတို့သားဝတ်စုံကိုတော့ ရိပေါ်က သိပ်သဘောမကျချင်ဘူး။ သူနဲ့ကွတ်ကိဖြစ်နေပေမဲ့ ရှောင်းကျန့်နဲ့ကျ ကွတ်တိဖြစ်ဖို့ဆိုတာ မသိနိုင်ဘူးလေ။ဒါပေမဲ့ သူအတတ်နိုင်ဆုံး အကောင်းဆုံးဆိုတာကိုပဲ စီစဥ်ခိုင်းခဲ့ပါတယ်။

ရှောင်းကျန့်ကိုမနှိုးခင် သူဒီဝတ်စုံအဖြူလေးကိုအရင်ဝတ်လိုက်ပြီး အိပ်ခန်းထဲကမှန်ရှေ့ ရပ်ကြည့်လိုက်သည်။ ထို့နောက် သဘောကျစွာပဲပြုံးမိပြန်တယ်။ တကယ်ပဲ သူဟာ ဒီညမှာ အိမ်ထောင်သည်ဘဝဆိုတာကြီးကို ကူးပြောင်းရတော့မယ်တဲ့လား။ ပြောပြမရသော ကြည်နူးမှုက ရင်ထဲလှိုက်ဖိုစီးဆင်းသွားရင်း အိပ်နေဆဲဖြစ်တဲ့ ရှောင်းကျန့်ဆီလှမ်းသွားလိုက်သည်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now