အပိုင်း 41(ZawGyi&Unicode)

790 107 19
                                    


"ကျန့်ကျန့်နဲ့ ရိပေါ်တို့ အခုတလောအဆင်ပြေကြရဲ့လား။ "

အားလပ်ရက်အတွက် ဖွယ်ဖွယ်ရာရာချက်ပြုတ်နေရင်းမှ မားက သူမကိုလှည့်မကြည့်ဘဲမေးလာသည်။ ပန်းကန်တွေဆေးနေတဲ့ ဟွားဟွားကတော့ ခဏတဖြုတ်ရပ်တန့်သွားရင်း စဥ်းစားခန်းထုတ်နေသလို။

"ဘာဖြစ်လို့မေးတာလဲ။ နောက်ပိုင်း ဖုန်းပြောတာတွေက ကောကောရဲ့ဖုန်းနဲ့ပဲပြောတော့တာဆိုတော့ သမီးလဲအဲ့လောက်ထိဂရုမစိုက်ဖြစ်တော့ဘူးလေ။ "

"အဲ့တာဆို ညနေခင်းကျ သမီးအကိုနဲ့နှစ်ယောက်တည်းစကားပြောရင်း တိုက်ရိုက်ကြီးမဟုတ်တောင် နည်းနည်းလောက်သိရအောင်မေးကြည့်ပါလား။ "

"မား ဘာတွေသိထားတာလဲ။ ကောကော ဘာဖြစ်နေလို့..."

"ငိုနေတယ်။ "

ရုတ်တရက်ဝမ်းသာမိသွားသောစိတ်နဲ့ သူမဟာ ဆေးလက်ကစပန်းကန်တွေကိုတောင် ရပ်တန့်မိခဲ့သည်။ သို့ပေမဲ့ အပြင်ပန်းမှာတော့ တအံ့တသြပုံစံနဲ့လှည့်ကြည့်လိုက်တယ်။ မားကတော့ ချက်ပြုတ်မြဲတိုင်းချက်ပြုတ်နေပေမဲ့ စိတ်ပင်ပန်းနေတဲ့မျက်နှာထားက အသိအသာငြိုးငယ်လို့။

"လွန်ခဲ့တဲ့သုံးရက်လောက်က မင်းကောကောကသူ့အခန်းထဲမှာ ရိပေါ်နဲ့ဖုန်းပြောပြီးတော့ တိတ်တိတ်လေးငိုနေခဲ့တာ။ နားစွန်နားဖျား ကြားလိုက်မိတာတော့ 'အကောင်းဆုံးကြိုးစားပြီးပြန်လာရမှာကို ဘာလို့စိတ်ပျက်စရာတွေဖြစ်အောင် လုပ်ပြနေရတာလဲ ' တဲ့။ "

"ကောကောက အဲ့ဒီလိုပြောနေခဲ့တာလား။ "

"အင်း။ "

လှည့်ကြည့်လာပြီဖြစ်တဲ့မားက သူမအနားတိုးလာရင်း တိုင်ပင်ဖော်တိုင်ပင်ဖက်လို ပခုံးထက်ဆုပ်ကိုင်မှုပြုလာသည်။

"သူတို့ကြားထဲ တစ်ခုခုအဆင်မပြေဖြစ်နေပြီထင်တယ်။ တကယ်ပဲ ဘယ်သူ့ဘက်ကမှားနေတာလဲဆိုတာမသိရတော့ မားလည်း ရိပေါ်ကိုဖုန်းဆက်ပြီး မပြောချင်ဘူး။ ဒီရက်ပိုင်းအတွင်း ကျန့်ကျန့်က ထမင်းလဲစားချင်မှစားတော့တာ။ အမြဲတမ်း တွေဝေငေးမောနေရင်း မေးလိုက်ရင်လဲ ဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့ဆိုပြီးပဲဖြေတယ်။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now