အပိုင်း 17(ZawGyi&Unicode)

1.3K 183 17
                                    


"အင့်....မင်း...မင်း....လွှတ်စမ်း...ရိပေါ် !!! "

ကျဥ်းထဲကြပ်ထဲရောက်နေတဲ့ ရှောင်းကျန့်က အားကုန်ရုန်းနေသော်ငြား အချည်းနှီးဖြစ်နေသည်။ ဒီကလေးရဲ့ ချုပ်ထားနိုင်စွမ်းကတော့ တကယ်သြချရလောက်ပါပေရဲ့။

ရှောင်းကျန့်မြင်ယောင်ကြည့်မိသည့် ဝမ်ရိပေါ်ဆိုတာက အလွန်ဆုံးအရွယ် အထက်တန်းတက်တော့မဲ့ ကျောင်းသားအရွယ်ပဲရှိသည်။ သူမြင်ဖူးခဲ့သည်ကလဲ ဒီလောက်အရွယ်ပဲကိုး။
အခုချိန်တော့ ဝမ်ရိပေါ်ဟာ ဘယ်လိုအနေထားနဲ့ ဘယ်လိုအရွယ်အစားအတိအကျဆိုတာ တထစ်ချ သူဆုံးဖြတ်လို့မရ။

ဒါပေမဲ့ ငယ်ငယ်တုန်းကပုံစံနဲ့ကြည့်ရမယ်ဆို အခုအရွယ်ရောက် အသက်ကြီးလာမဲ့ပုံဟာ အရမ်းကြီးထောင်ထောင်မောင်းမောင်းထဲတော့မပါမှာ သေချာသည်။ ပိန်ပိန်ပါးပါးနဲ့ နုနုဖတ်ဖတ်လေးဖြစ်နေမှာပဲ။ နောက်ပြီး သူအခုချိန် ထိတွေ့ဖူးမိသလောက်လဲ ဒီကောင်လေးက ပိန်ပိန်ပါးပါး အနေအထားမျိုး။ ဒါကို ဘာလို့ အဲ့လောက်ထိ အားသန်နေရတာလဲ။ ရှောင်းကျန့် နဖူးမှာတော့ ချွေးစတွေထလာခဲ့ပြီ။

ဖြစ်ပုံကတော့ ဒီလို။
တစ်ပတ်တစ်ခါ ပိတ်ရက်ရောက်တိုင်း ရိပေါ်ဟာ သူ့အခန်းထဲမနက်လင်းကတည်းက ဝင်လာတတ်ပြီး လုပ်စရာရှိတာမှန်သမျှ မားအစားဒိုင်ခံလုပ်ပေးတယ်။ ပြီးတာနဲ့ အတင်းရောကာရော သူ့ကိုပြောခိုင်းတဲ့တစ်ခွန်း။

တွဲနေကြပြီဖြစ်တာတောင် ဒီစကားကိုမကြားရသေးလို့ ရိပေါ်က အင်မတန်မှကြားချင်နေပြီ။ ဒါကိုရှောင်းကျန့်ကလဲ သိပ်ကပ်လွန်းတယ်။ ဒီစကားလေးပြောဖို့အရေး သူကအခုထိအချိန်ဆွဲထားတုန်း။

ကုတင်ပေါ်ထိုင်နေတဲ့သူ့ဘေးနား ရိပေါ်ဟာခွေးပုလေးလိုတိုးကပ်ထိုင်ပြီး လက်နှစ်ဖက်ကိုပူးဆွဲထားသည်။ ဒါတင်မက နဖူးချင်းတိုက်၊ နှာခေါင်းချင်းထိသည်အထိ မျက်နှာကိုကပ်ပြီးတာနဲ့ အဲ့ဒီစကားကိုပြောခိုင်းတော့တယ်။ ဒါက တစ်ခါနှစ်ခါထဲမဟုတ်ဘူး။ ပိတ်ရက်ရောက်တိုင်း အဲ့လိုလုပ်နေကြပဲ။

"မားဝင်လာရင်..ဒုက္ခရောက်မှာနော်...လွှတ်စမ်း။ ဘယ်လိုဖြစ်နေတာလဲ။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Waar verhalen tot leven komen. Ontdek het nu