အပိုင်း 28(ZawGyi&Unicode)

991 140 19
                                    


"ပြောတော့ တစ်စက္ကန့်လေးတောင် အနားကနေထွက်မသွားပါနဲ့ဆို..."

တိုးလျသောအသံနဲ့ ရိပေါ်ဆီကထွက်လာသော အသံလေး။ ပူပူနွေးနွေးငေါက်ငမ်းပြောဆိုနေမှုဟာ ရုတ်ချည်းရပ်တန့်သွားတယ်။ ရင်ထဲလှိုက်ခနဲတက်လာသောဆို့နင့်မှုကို ရှောင်းကျန့် အံကြိတ်မျိုချပြစ်လိုက်သည်။

"အသေးအမွှားလေးတွေကအစ အဟုတ်ထင်မှတ်မနေနဲ့ရိပေါ်။ လက်တွေ့မှာ ဘယ်သူက တစ်စက္ကန့်လေးတောင်မခြားပဲ ပူးကပ်နေနိုင်မှာမို့လဲ။ "

"......."

"ငါကိုက အလိုလိုက်ပြီးချစ်ပြခဲ့လို့ မင်းကပိုဆိုးလာတာထင်တယ်။ တကယ်တော့ ငါလည်းအဲ့လောက်ထိ မင်းနဲ့ကလေးဆန်ဆန်နေရတာတွေကို အရမ်းနှစ်သက်နေတာမဟုတ်ဘူး။ ချစ်တာက ချစ်တာပဲရိပေါ်။ ငါက ဆယ်ကျော်သက်အရွယ်လည်းမဟုတ်တော့ဘူး။ လုပ်သင့်တာ ဖြစ်သင့်တာကို ဦးစားပေးဆုံးဖြတ်ဖို့ပဲ ငါ့ဦးနှောက်က ပိုလက်ခံလာပြီ။ မင်းလည်း ဒီထက် ရင့်ကျက်လာတဲ့အခါ အဲ့လိုပဲတွေးမိမှာ။ ဒါကြောင့် ငါ့ဆီမှာကလေးလိုနေပြီး ရူးမိုက်မနေပဲ ရှေ့လျှောက်မဲ့လမ်းကိုပဲစဥ်းစား။ "

"ကျွန်တော့ကို တကယ်အဲ့လိုလုပ်စေချင်တာသေချာလား။ "

ခိုင်ခိုင်မာမာနဲ့ တည်ငြိမ်ပြတ်သားစွာမေးလာတဲ့ ဒီမေးခွန်း။ ရှောင်းကျန့်ဟာ အခြားတစ်ဖက်ကို ခေါင်းစောင်းလှည့်လိုက်ပြီး မမြင်နိုင်တဲ့စောင်အောက်ထဲလက်တွေကတော့ တင်းကြပ်တဲ့လက်သီးဆုတ်တွေဖြစ်သွားခဲ့တယ်။

"တကယ်ဖြစ်စေချင်လို့ ငါဒီလောက်ထိပြောပြနေတာ။ "

"ကျွန်တော်က နိုင်ငံရပ်ခြားအထိသွားပြီး ပညာသင်ရမယ်ဆိုရင်ရော။ ဒီမှာတင်မဟုတ်ပဲ အချိန်တွေအကြာကြီးအထိခွဲပြီး သွားရမယ်ဆိုရင်ရော။ "

ရှောင်းကျန့် ခေါင်းသာငြိမ့်ပြရင်း ဘာမှမဖြစ်တဲ့ သာမာန်ကိစ္စလေးလိုသဘောထားကာ အရေးလုပ်ဟန်မပြခဲ့ဘူး။ အကုန်သိထားပြီးပြီမို့ သူဒါတွေတွေးပြီး ထပ်ပြီးလဲမခံစားချင်တော့ဘူး။

"နိုင်ငံခြားထိသွားရမယ်ဆိုတော့ ပိုပညာရတာပေါ့။ အဲ့တာက မင်းရှေ့ရေးအတွက်
စိတ်ချရမယ်ထင်တယ်။ ငါတို့ခဏလောက်ခွဲနေရတာကို စိတ်ထဲထားစရာမလိုဘူး။ ပြီးရင် အချိန်မရွေး အရင်လိုပြန်နေလို့ရတယ်။ အဓိကက မင်းအခုချိန် အတွေးမချော်စေဖို့ပဲ။  "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now