အပိုင်း 20(ZawGyi&Unicode)

1.4K 182 25
                                    


အိမ်ထဲဝင်လာတဲ့သူတို့ကားကို ဖာသာနဲ့အတူ ပါးပါးရယ် မားမားရယ်က အပေါက်ဝနားမှာပင် ထွက်စောင့်နေကြသည်။ သူ့ဘေးကရှောင်းကျန့်ကတော့ ရပ်တန့်လိုက်တဲ့ကားအရှိန်နောက် စိတ်လှုပ်ရှားမှုတွေနဲ့တုန်ရီနေသည်။ ဒါကိုရိပ်မိတဲ့ ရိပေါ် က ရှောင်းကျန့်ရဲ့လက်ကို အားပေးဆုတ်ကိုင်လာရင်း လက်ဖမိုးထက်ဖွဖွလေးအနမ်းခြွေသည်။

"ဘာမှမစိုးရိမ်နဲ့နော်။ ကျွန်တော်တစ်ယောက်
လုံးရှိနေတာမို့ အကုန်အဆင်ပြေစေရမယ်။ "

ထို့နောက် ရိပေါ်ဟာ ကားပေါ်ကအရင်ဆုံးထွက်လာခဲ့လိုက်သည်။ ပါးတို့မားတို့ကလဲ ချက်ချင်းဘေးနားရောက်လာပြီး စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ သူ့လက်ကိုဆွဲကိုင်လာကြတယ်။

"သား....ရှောင်းကျန့်ရော...ရှောင်းကျန့်ရောဟင်။ သူပါလာတယ်မလား။ "

မားမားက ကားထဲကိုလှမ်းကြည့်ရင်း တွေ့ချင်စိတ်အတော်ပြင်းပြနေလေရဲ့။

"မြန်မြန်ထွက်လာခိုင်းလိုက်လေ။ ဖာသာလဲ တွေ့ချင်နေတော့မယ်။ ပါးတို့လွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းက ဒီနေရာမှာရပ်စောင့်နေကြတာ။ "

"ဟုတ်တယ်။ ရှောင်းကျန့်အဆင်ပြေနေခဲ့တယ်မလား။ "

သူ့ကိုဝိုင်းမေးနေတဲ့ ဖာသာတို့ပါးတို့ကို ရိပေါ်ပြုံးသာပြုံးပြရင်း တစ်ဖက်ကကားတံခါးဆီလျှောက်လာခဲ့လိုက်သည်။ အားလုံးက ရင်တမမနဲ့စောင့်ကြည့်နေစဥ်မှာပဲ ပထမဆုံးကားထဲကထွက်လာတာဟာ ဝှီးချဲလေးတစ်လုံး။ အဲ့ဒီနောက်မှာတော့ ရိပေါ်ဟာ ရှောင်းကျန့်ကိုပွေ့ချီထုတ်ခဲ့ရင်း ထိုဝှီးချဲပေါ်အသာအယာချပေးလာခဲ့သည်။ ကားလေးကတော့ ဂိုဒေါင်ဘက်ကိုထိုးဝင်သွားလေပြီ။

မားမားက အံ့သြတကြီးနဲ့ သူ့ပါးစပ်သူအုပ်လိုက်ရင်း ရှောင်းကျန့်ရှေ့ရောက်လာကာ ဘာစကားမှထွက်မလာ။ အဲ့ဒီလိုပဲ ပါးပါးနဲ့ဖာသာကလဲ မျက်လုံးအပြူးသားနဲ့ သူတို့နှစ်ယောက်ကို ဆွံ့အစွာကြည့်နေခဲ့တော့သည်။

"အားလုံးကို စိတ်ပူစေခဲ့မိပြီ။ ကျွန်တော်ဒီလိုပုံစံနဲ့ ရောက်လာခဲ့လို့ တောင်းပန်ပါတယ်။ "

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now