အပိုင်း(၄၁)ဝမ်းနည်းမှု လွှမ်းခြုံနေသော မျက်ဝန်းများဖြင့် ပြုံးရယ်ခြင်း

15.2K 1.2K 119
                                    

အပိုင်း(၄၁)

ဝမ်းနည်းမှု လွှမ်းခြုံနေသော မျက်ဝန်းများဖြင့် ပြုံးရယ်ခြင်း

တိတ်ဆိတ်နေသော အခန်းထဲတွင် လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ယောကျာ်းဆန်စွာ ကြည့်ကောင်းချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသူက တိတ်ဆိတ်ခြင်းအား အရင်ဖြိုခွဲလိုက်၏။

" ငါ ဂျပန်ကိုလိုက်သွားမယ် Zeno...လွန်းငယ်ကို ရအောင်ပြန်ခေါ်ခဲ့မယ်"

ဆံပင်ကောက်ကောက်လေးများဖြင့် ချစ်စရာကောင်းသော ရုပ်ရှည်ကို ပိုင်ဆိုင်ထားသူက ထိုသူ၏ စကားအား ပြန်လည်တုံ့ပြန်ပြောဆိုလိုက်သည်။

" ငါလည်း လိုက်ခဲ့မယ်...Kren အတွက် ငါလည်း ကူညီပေးမယ် ခွန်းသုရှင်"

"ကျွီ"

ရုတ်တရက် အခန်းတံခါး ပွင့်လာပြီးနော် တံခါးဝတွင် ကလေးငယ်တစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။

"သုသု"

ခွန်းသုရှင်၏ ထိုကလေးငယ်အား အံ့သြတကြီး ခေါ်ဆိုသံသည်လည်း တပြိုက်နက်ထွက်ပေါ်လာခဲ့သည်။

"ဖေဖေ သားကိုလည်း ဂျပန်ခေါ်သွားပါ"

သုသုစကားကြောင့် ခွန်းသုရှင်ရော zenoပါ အံ့အားသင့်သွားရသည်။

"သား ဖေဖေတို့က ကစားဖို့သွားတာ မဟုတ်ဘူး"

"သား အကုန်ကြားတယ် ဖေဖေ...သားကို ခေါ်သွားပါ...သား တစ်ယောက်တည်းတော့ ဒီမှာမနေခဲ့ချင်ဘူး...ဖေဖေနဲ့ပါးပါးရှိရာပဲ သားလိုက်မယ်...ပါးပါး ဒီပြန်လာဖို့စိတ်ကူးမရှိရင်လည်း သားပါလာရင် ပါးပါးပြန်လိုက်နိုင်တယ်"

"မဖြစ်ဘူး သုသု"

ခွန်းသုရှင် သုသုစကားအား ကန့်ကွက်လိုက်သည်။

"ဒီမှာပဲနေခဲ့"

"သားကို ထပ်ထားခဲ့ရင် ဖေဖေပြန်လာတဲ့အခါကျ သားကိုမြင်ရမှာ မဟုတ်ဘူး"

"ဘာ သုသု...ဖေဖေ့ကို ခြိမ်းခြောက်နေတာလား"

ခွန်းသုရှင် လွန်စွာဒေါသထွက်သွားရသည်။ ငယ်ရွယ်လွန်းသော သူ့သားငယ်က သူ့အား ခြိမ်းခြောက်နေသည်တဲ့။

စေရာ(Complete)Where stories live. Discover now