
18.7K 1.4K 108
                                    

အပိုင်း(၃၆)

စိတ်မချလေသောကြောင့်....မွေးရပ်မြေဆီသို့

ခွဲစိတ်ခန်းအပြင်တွင် လွန်းငယ် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ ခြေဖျားလက်ဖျားများ အေးစက်ကာ သူ၏တစ်ကိုယ်လုံးတုန်ယင်နေသည်။

သူ သေမတတ်စိုးရိမ်နေသည်။ မောင်တစ်ခုခုဖြစ်သွားမည်ကို သူ မလိုလားပါ။ အရမ်းလည်းကြောက်ရွံ့နေသည်။

"Kren"

သူရှိရာဆီ အပြေးရောက်လာသော Zenoနှင့် Six။

"Kren ဘယ်လိုဖြစ်တာလဲ...ငါအရမ်းစိုးရိမ်သွားတာ...အဆင်ပြေရဲ့လား...မင်းတစ်ခုခုဖြစ်သေးလား"

လွန်းငယ် Zeno၏ တရစပ်အမေးများအား ပြန်မဖြေနိုင်။ ဘာစကားမှ ပြန်မပြောနိုင်ဘဲ ဆွံ့အနေမိသည်။

"Boss ဓားထိုးခံရတာ...အခြေအနေက စိုးရိမ်ရတယ်...ခွဲစိတ်ပြီးမှအဖြေသိရမှာ...ဓားရဲ့ဦးတည်ရာက bossတော့ မဟုတ်ဘူး...bossက အစားဝင်ခံခဲ့တာ"

ကိုဆက်၏အဖြေကြောင့် Six နှင့် Zeno ၏အကြည့်တို့သည် လွန်းငယ်ဆီ ကျရောက်လာကြသည်။

"Kren မင်းဘာမှမဖြစ်ပါဘူးနော်"

လွန်းငယ်ကိုသာ တရစပ်မေးနေသည့် အရပ်ပုပု၊ ဆံပင်ကောက်ကောက်နှင့် ဖြူလုံးလုံးကောင်လေးအား ကိုဆက် ကြည့်မရတော့။

"မင်းရှေ့ကလူက အကောင်းကြီး...ဘာတစ်ခုမှမဖြစ်ဘူး...ဖြစ်တဲ့သူက ခွဲစိတ်ခန်းထဲမှာ...မင်းကနားလေးနေတာလား"

ဖြူလုံးလုံးအား စိတ်တိုစွာ အော်လိုက်တော့ ဘေးရှိအရပ်ရှည်ရှည်၊ သွေးအေးလူသတ်သမားဖြစ်ဟန်တူသောလူက ဖြူလုံးလုံးအား အနောက်သို့ပို့ကာ သူ့အား ပစ်မှတ်ကဲ့သို့စူးရှသော အကြည့်များဖြင့် ကြည့်လာ၏။ အနောက်မှ ဖြူလုံးလုံးကောင်ကလည်း ပါးစပ်ပိတ်မသွားပေ။

"Kren က လူဘာမှ မဖြစ်ပေမဲ့ စိတ်ထိခိုက်သွားတယ်လေ...ခင်ဗျား မျက်လုံးကန်းနေလား...Krenသာ စန္ဒယား မတီးနိုင်တော့ရင် ခင်ဗျား လျော်နိုင်လို့လား...Kren ဖျော်ဖြေပွဲတစ်ခု ဘယ်လောက်တန်တယ်ထင်လို့်လဲ"

ပြောသည့်ပုံက ဓားအစားထိုးခံပေးသည့်ဘက်ကပဲ လျော်ကြေးပင် ပြန်ပေးရမလိုလို။ အချိုးကတစ်စက်လေးမှ မပြေပေ။

စေရာ(Complete)Where stories live. Discover now