
24.3K 2.1K 159
                                    

Unicode

အပိုင်း(၁၄)

မောင့်အပေါ် ယုံကြည်မှုများ ယိမ်းယိုင်လာပြီ

"ပါးပါး...ပါးပါး"

သူ့အား ခေါ်နေသည့်အသံတိုးတိုးလေးကြောင့် လေးလံနေသော မျက်ဝန်းများအား ကြိုးစား၍ ဖွင့်လိုက်သည်။ အလင်းရောင်နှင့်နေသားမကျသေးသောကြောင့် မျက်ဝန်းများအား မှိတ်လိုက်ဖွင့်လိုက် လုပ်ယူလိုက်၏။

သူ အိပ်မက်မှ နိုးထလာပြီပဲ။ တကယ်ကို ရှည်လျားတဲ့ အိပ်မက်တစ်ခု သူမက်ခဲ့တာပဲ။ အိပ်မက်ထဲကလို မောင်ရဲ့ ဂရုစိုက်မှုတွေကို သူအမြဲလိုချင်လိုက်တာ။

လွန်းငယ် သူ၏ လက်များအား လွှဲယမ်းကာ လှုပ်ခါနေသော ကောင်ငယ်လေးအား ကြည့်လိုက်သည်။ ကျောင်းဝတ်စုံနှင့် ကောင်ငယ်လေးက ဘယ်ချိန်ကြည့်ကြည့် ချစ်စရာလေးပင်။

"ကျောင်းကပြန်လာပြီလား ပေါက်စီလေး"

"ပါးပါး နေမကောင်းဘူးဆို"

"အင်း ပါးပါး နေမကောင်းဘူး"

"သား ဆေးထိုးပေးရမလား ပါးပါး...အဲဒါဆို ပါးပါး သက်သာသွားမှာ"

ကလေးငယ်၏ စကားကြောင့် လွန်းငယ် ပြုံးလိုက်မိသည်။ ကလေးတို့၏ စိတ်သည် လွန်စွာရိုးစင်းလွန်းလှသည်။

"ပေါက်စီလေး ဖေဖေရော"

"ဖေဖေ မရှိဘူး ပါးပါး...သားကို ကျောင်းကြို ပြီး ပြန်ထွက်သွားတယ်"

အိပ်မက်ထဲမှ ဂရုစိုက်မှုတို့ကြောင့် ခဏတာ သက်သာနေသော ရင်ထဲမှ နာကျင်မှုတို့ ရုတ်တရက်ပြန်ပေါ်လာလေသည်။

မောင်က သူ့ကို ဂရုမစိုက်ဘူးပဲ။ သူ အပြင်းဖျားတာတောင် မောင်က တစ်စက်လေးမှ လှည့်မကြည့်ဘူး။ သူ တကယ်ပဲ မဖြစ်နိုင်သောမျှော်လင့်ချက်တွေနဲ့ ဆက်ရှင်သန်နေမိတာလား။

"ပေါက်စီလေး သွားနားတော့လေ...ပါးပါးကို မစိုးရိမ်နဲ့ ပါးပါး ဘာမှမဖြစ်ဘူး"

"ပါးပါးက ဘာမှမဖြစ်ဘူးဆိုပြီး အမြဲညာတတ်တယ်"

ကလေးငယ်၏ စကားသည် သူ၏ ဝမ်းနည်းမှုတို့အား ပို၍ တိုးသွားစေခဲ့သည်။

စေရာ(Complete)Where stories live. Discover now