Unicode
အပိုင်း(၃)
မောင်က သူ့ကို အရမ်းမုန်းတယ်တဲ့
လွန်းငယ် သူ၏ ရှေ့ရှိ မြင့်မားလှသော အဆောက်အဦးအား မော့ကြည့်လိုက်မိသည်။
မောင် မနက်စာစားမသွားသောကြောင့် နေ့လည်စာပါ မစားမည်စိုးကာ သူ ပြင်ဆင်၍ လာပို့ခြင်း ဖြစ်သည်။ မောင့် ကုမ္ပဏီ ရှိရာနေရာအား သိသောကြောင့် ရောက်လာခြင်းဖြစ်သော်လည်း သူ ဒီနေရာအား တစ်ခါလေးမျှ မရောက်ဖူးခဲ့။ မောင်သည်လည်း တစ်ကြိမ်တစ်ခါမှ သူ့အား ခေါ်လာခြင်း မရှိခဲ့ဖူးပေ။
ကုမ္ပဏီထဲ စ၍ ခြေချခြင်း လူအများကြား သူ စိုးရိမ်နေမိသည်။ သူ့တွင် ဝန်ထမ်းကတ် မရှိသောကြောင့် လုံခြုံရေးဂိတ်အား ကျော်ဖြတ်ကာ စက်လှေကားဖြင့် အပေါ်တက်၍ မရ။ ထို့ကြောင့် သူ ဧည့်ကြိုကောင်တာရှိရာဆီ လျှောက်သွားလိုက်သည်။
ကောင်တာရှိ ကောင်မလေးသည် ထမင်းဘူးကိုင်ထားသော သူ့အား ပျူ ငှါစွာ မေးမြန်းလာသည်။
"ဒီက အကို ဘာကိစ္စရှိလို့ပါလဲရှင့်"
"ခွန်းသုရှင်နဲ့ တွေ့ချင်လို့ဗျ"
"ကြိုတင် appointment ယူထားလားရှင့်"
"မယူထားပါဘူး....သူ့ကို ဖုန်းဆက်ပေးပါလား...လွန်းထားစေ ရောက်နေပါတယ်လို့"
ဧည့်ကြိုကောင်မလေး လွန်စွာ အံ့သြသွားပုံရလေသည်။
"လွန်းထားစေ ဟုတ်လား...ဟို boss လက်ထက်ထားတဲ့ အမျိုးသားလားရှင့်"
သူ ပြန်ဖြေသင့် မဖြေသင့် စဉ်းစားလိုက်သည်။ မောင် မကြိုက်မည် စိုးသောကြောင့်ပင်။ မောင့်အား သူ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။
"ဟို အကို ညီမ မေးတာ ကြားလားရှင့်"
သူ၏ တိတ်ဆိတ်သွားမှုကြောင့် ထပ်၍ မေးလာသော ဧည့်ကြိုကောင်မလေးအား ကြည့်ကာ လွန်းငယ် သက်ပြင်းချလိုက်မိသည်။ သူတို့သည် လူသိရှင်ကြား လက်ထပ်ထားကြသူများဖြစ်သည်။ သူ ပြောလိုက်၍ မောင် စိတ်မဆိုးလောက်ဟု သူ တွေးလိုက်မိသည်။
"ဟုတ်ပါတယ်...မောင့်ကို အကြောင်းကြားပေးပါဦး"
"ဟုတ် အကိုလေး...ညီမ အခုပဲ အကြောင်းကြားလိုက်ပါမယ်နော်"
KAMU SEDANG MEMBACA
စေရာ(Complete)