Unicode
အပိုင်း(၁၃)
အိပ်မက်လှလှလေး ဆက်မက်ခွင့်ပြုပါ
အစည်းအဝေးခန်းထဲတွင် အလုပ်ကိစ္စများဆွေးနွေးနေကြသည်။ အဓိက လုပ်ငန်းကိစ္စဆွေးနွေးနေသူနှစ်ယောက်မှာ အတွင်းရေးမှူးများဖြစ်ကြသော လင်းထက်နှင့် ကိုဆက်ပင်။
အစည်းဝေးစားပွဲ တစ်ဖက်ခြမ်းစီ၏ ထိပ်ဆုံးတွင် ရှိနေကြသူနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ကြောက်မက်ဖွယ် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ စကားမပြောဘဲ သတိပေးစကားနှင့် ခြိမ်းခြောက်စကားများဆိုနေကြသယောင်။
"ဒွီ ဒွီ ဒွီ"
Vibrateလုပ်ထားသော အစည်းအဝေးစားပွဲပေါ်မှ ဖုန်းတုန်ခါမှုကြောင့် ခွန်းသုရှင် ဖုန်းဆက်သူအား ကြည့်လိုက်သည်။ ကြီးကြီး ခေါ်နေခြင်းဖြစ်သောကြောင့် ပြန်ချထားလိုက်၏။
ထိုင်ခုံအား ကျောမှီကာ သူ့အားကြည့်နေသူထံ မုန်းတီးသောအကြည့်များဖြင့် ပြန်၍ စိုက်ကြည့်လိုက်သည်။
"ဒွီ ဒွီ ဒွီ"
ဖုန်းကျသွားသော်လည်း ဆက်တိုက်ဆက်ခေါ်နေသောကြောင့် ခွန်းသုရှင် ဖုန်းကိုင်လိုက်သည်။ အသံအား တိုး၍ ကြီးကြီးအား မေးလိုက်၏။
"ဟယ်လို ကြီးကြီး ကျွန်တော့်ကို ဖုန်းတွေဆက်တိုက်ခေါ်နေတာ ဘာကိစ္စရှိလို့လဲ"
"သားသု သားငယ်လေး ရေချိုးခန်းဝင်သွားတာ တစ်နာရီခွဲလောက်ရှိပြီ...အထဲကလည်း လော့ချထားတယ်...ကြီးကြီး အပြင်ကနေ တံခါးထုရိုက် အော်တာလည်း ဘာမှပြန်ဖြေမလာဘူး...သားငယ်လေး တစ်ခုခုဖြစ်နေတာလား"
ခွန်းသုရှင် စိုးရိမ်စိတ်ဖြင့် ရင်ထဲပူလောင်သွားရသည်။
ဒီကောင်လေး ဘာတွေလျှောက်လုပ်နေပြန်ပြီလဲ။
တစ်ခုခုဆို ဘယ်တော့မှ မစဉ်းစားမဆင်ခြင်တတ်သောထိုကောင်လေးအား စိတ်ပူသွားရသည့်အပြင် ဒေါသလည်းထွက်သွားရသည်။
ဖုန်းအား ကိုင်လျက် အစည်းအဝေးခန်းထဲမှ အမြန်ထွက်လာလိုက်သည်။ သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့။ သူ၏ စိတ်ထဲတွင် လွန်းငယ် ဘာမှမဖြစ်ရန် အသိသာ ရှိတော့သည်။ ခေါင်းထဲတွင် ဗလာကျင်းဖြစ်ကာ သူ ဘာဆိုဘာမျှ မစဉ်းစားနိုင်တော့ပေ။
YOU ARE READING
စေရာ(Complete)