
17.7K 1.3K 77
                                    

အပိုင်း(၃၇)

ချစ်ခြင်းကိုယ်စီ၏ ဦးတည်ရာ တစ်ဖက်စွန်းဆီသို့

စင်မြင့်တစ်ခုပေါ်တွင် ငွေရောင်ဆံနွယ်များနှင့် ရွှေရောင်မျက်နှာဖုံးရှင်ကောင်လေးတစ်ယောက် စန္ဒယားတီးနေသည်။ ကင်မရာမီးတဖြတ်ဖြတ်နှင့် မီးဆလိုက်အလင်းရောင်များက ကောင်လေးဆီတွင် ဝန်းရံနေကြသည်။

စင်အောက်ရှိ လူများစွာသည် ထိုကောင်ငယ်လေး၏ တီးခတ်ဖျော်ဖြေမှုအား အာရုံစူးစိုက်နားထောင်နေကြ၏။ အဝေးမှ နားဆင်နေကြသောလူစုသည် ကောင်လေး၏ စန္ဒယားတီးနေသောလက်များ တုန်ယင်နေသည်ကိုတော့ မမြင်နိုင်ကြပေ။

မျက်နှာ ဖုံးကွယ်ထားသော မျက်နှာဖုံးအောက်မှ မျက်ရည်တစ်စက် ပါးပြင်ပေါ် စီးကျသွားပြီးနောက် ကောင်လေး တီးခတ်နေသော စန္ဒယားသံစဉ်များ စတင်လွဲချော်လာတော့သည်။

ပြောင်းလဲသွားသော မှားယွင်းသည့် စန္ဒယားသံစဉ်များကြောင့် လူများစွာ၏ အကြည့်တို့သည် ထိုကောင်လေးရှိရာဆီ ရောက်ရှိလာကြသည်။ လူများစွာ၏ စူးစမ်းသော အကြည့်တို့အား ထိုကောင်လေး သတိမမူမိ။ စိတ်ခံစားချက်နှင့် တီးနေသော စန္ဒယားသံစဉ် အလွဲအမှားတို့သည်လည်း သူ၏ အာရုံထဲတွင် ရှိမနေခဲ့ပါ။

သံစဉ်မကျသော စန္ဒယားသံတိခနဲ ရပ်သွားချိန်တွင် ထိုကောင်လေးသည် ထိုင်နေသောစန္ဒယားခုံပေါ်မှ ထ၍ မတ်တပ်ရပ်လိုက်လေသည်။ စင်အောက်ရှိ လူအများအား လျစ်လျူရှုကာ စင်ပေါ်မှ ဆင်းရန် နောက်လှည့်၍ ခြေလှမ်းအနည်းငယ် လျှောက်လိုက်သော်လည်း ပင်ပန်းလွန်းနေသော ကိုယ်က မဟန်နိုင်စွာ စင်ပေါ်တွင် လဲပြိုကျသွားရသည်။

ကင်မရာမီးရောင်များသည် ကောင်လေးဆီသို့ ဦးတည်ကာ လှုပ်ရှားမှုတစ်စုံတစ်ရာလေးမှ အလွတ်မပေးဘဲ တဖြတ်ဖြတ်ရိုက်ကူးနေသည်။ စင်အောက်ရှိ လူများ၏ တီးတိုးဆူညံသံ၊ ကဲ့ရဲ့သံတို့လည်း ဆက်တိုက်ထွက်ပေါ်လာကြသည်။

ထိုစဉ် ဆူညံသံများအား တိတ်သွားစေသော ဖြစ်တည်မှုတစ်ခုသည် စင်ပေါ်တွင် ပေါ်ထွက်လာ၏။

အရှိန်အဝါတစ်ခု ခညောင်းနေသော လူတစ်ယောက်။ စိတ်အလိုမကျစွာ ခက်ထန်နေသောမျက်နှာတွင် အေးစက်သော မျက်ဝန်းတစ်စုံက မျက်ဝန်းချင်းစုံကြည့်မိသူတို့အား ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်လာစေသည်။

စေရာ(Complete)Where stories live. Discover now