အပိုင္း(၁၈) အမွတ္တရေလး

21.6K 1.9K 127
                                    

Unicode

အပိုင်း(၁၈)

အမှတ်တရလေး

ဒီနေ့ ပေါက်စီလေး မူကြိုပိတ်သည့် တနင်္ဂနွေနေ့။ မောင်ကလည်း အိမ်နေရင်းပုံစံဖြင့် tvကြည့်နေသည်။ ရုံးသွားမည့်ပုံ မပေါ်ပေ။

လွန်းငယ် ကြက်မွှေးတစ်ချောင်းဖြင့် အိမ်သန့်ရှင်းရေးလုပ်ရင်း အလုပ်များနေသည်။

"ပါးပါး"

အလှပန်းအိုးတင်ထားသည့် စားပွဲခုံအား ဖုန်သုတ်နေရင်း ပေါက်စီလေးခေါ်သံကြောင့် လွန်းငယ် လှည့်ကြည့်လိုက်သည်။

"ဘာလဲ ပေါက်စီလေး"

စာအုပ်လေးနှင့် ခဲတံလေးအား ကိုင်ထားသည့် မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေသော ပေါက်စီလေးက ချက်ချင်း ပြန်ဖြေလာသည်။

"သားတို့ ဆရာမက အိမ်စာပေးလိုက်တယ်...မိသားစုနဲ့ အလည်အပတ်သွားခဲ့တဲ့ နေရာတစ်ခုအကြောင်းရေးခိုင်းတာ"

"အင်း အဲဒါ သားရေးတာ ပါးပါးကဖတ်ပေးရမှာလား"

"မဟုတ်ဘူး ပါးပါး...သား မရေးရသေးဘူး...ဘာရေးရမလဲမသိလို့...သား ဘယ်နေရာကိုမှ မိသားစုနဲ့အတူ အလည်အပတ်မသွားဖူးဘူး"

ပေါက်စီလေး စကားကြောင့် လွန်းငယ်အံ့အားသင့်သွားရသည်။ မယုံနိုင်မှုတို့လည်း သူ၏ မျက်လုံးထဲတွင် အထင်းသား။

"ငါ မအားတာနဲ့ သုသုကို ဘယ်မှ လိုက်မပို့နိုင်ခဲ့တာ"

သူတို့ ပြောနေသောစကားများအား နားထောင်နေပုံရသော မောင်က tvကြည့်နေရင်းမှ လှည့်ကြည့်၍ ပြောလာ၏။

"ဒီနေ့ လိုက်ပို့လည်း ရတာပဲ...ငါလည်း အလုပ်မရှိဘူး...သွားချင်တဲ့ နေရာ ငါလိုက်ပို့ပေးမယ်...သုသု အပြန်ကျမှ ရေးလိုက်"

မောင့်စကားကြောင့် ကလေးငယ်၏ မျက်ဝန်းများ အရောင်တောက်လာပြီး လွန်စွာပျော်ရွှင်သွားပုံရသည်။

"သား ကစားကွင်းသွားမှာ ကစားကွင်းလိုက်ပို့ ဖေဖေ"

"အင်း ဖေဖေ အင်္ကျီလဲပြီးတာနဲ့ သွားမယ်...လွန်းငယ် အင်္ကျီလဲရင် လဲခဲ့ဦး"

စေရာ(Complete)Where stories live. Discover now