အပိုင်း(၄၈)ကိုယ့်ရဲ့မြတ်နိုးရာလေး

20.8K 1.3K 419
                                    


အပိုင်း(၄၈)

ကိုယ့်ရဲ့ မြတ်နိုးရာလေး

လူများစည်ကားနေသော အခန်းထဲ လွန်းငယ် အလောတကြီးပြေးဝင်လာမိသည်။ ဖုန်းထဲမှ မြင်လိုက်ရသော ကိုကို့ပုံရိပ်အား အပြင်တွင် မြင်လိုက်ရချိန် လွန်းငယ် ကြမ်းပြင်ပေါ်မတ်တပ်မရပ်နိုင်စွာ ခွေလဲကျသွားရသည်။ မယုံကြည်နိုင်မှုတို့သည်လည်း မျက်နှာတွင် အတိုင်းသားပေါ်လာရသည်။

ဘေးတွင်ရပ်နေသော ဒေါက်တာ Ka-kochan ဆီသို့ လှည့်ကြည့်ကာ အော်ပြောလိုက်မိသည်။

"ဒေါက်တာ ဒါ ဘယ်လိုဖြစ်ရတာလဲ...ကျွန်တော့်ကို စနေတာမလား...ကိုကိုက သူစိတ်ဆိုးအောင်လုပ်လို့ ကျွန်တော့်ကို စနေတာမလား"

အနက်ရောင် အနောက်တိုင်းဝတ်စုံဝမ်းဆက် ဝတ်ထားသည့်ဒေါက်တာ Ka-kochanက မတုန်မလှုပ်ရပ်မြဲရပ်လျက်ပင်။ သူရှိရာဆီသို့ အကြည့်တချက်လေးမျှပင် မပေးလာဘဲ ခေါင်းငုံ့နေလေသည်။

"လွန်းငယ်"

သူ့အား ထူပေးရန် လက်အား ဆုပ်ကိုင်လာသည့် မောင့်လက်များအား ဖယ်ထုတ်ပစ်လိုက်သည်။ သူ အခု မျက်လုံးထဲတွင် ဘာဆိုဘာမှ မမြင်နိုင်တော့။ ဒီမြင်ကွင်းအား ကြည့်ရှုရန် ဘုရားသခင်က သူ့အား အမြင်အာရုံပြန်ပေးခဲ့သည်ဆိုလျှင် သူ တစ်သက်လုံး အမှောင်ကမ္ဘာထဲတွင်သာ နေထိုင်သွားခဲ့ပေလိမ့်မည်။

ကြိုးစားကာ မတ်တပ်ရပ်လိုက်ပြီးနောက် ဒေါက်တာ Ka-kochan ရှိရာဆီ တလှမ်းချင်း လျှောက်လှမ်းသွားလိုက်သည်။ မျက်နှာချင်းမဆိုင်ရဲစွာ ခေါင်းငုံ့နေသော ဒေါက်တာ Ka-kochan၏ အင်္ကျီကော်လံများအား ဆုတ်ကိုင်လိုက်သည်။

"ခင်ဗျားပြောတော့ သူ့ကို စောင့်ရှောက်မယ်ဆို...သူ ဘာမှ မဖြစ်စေရဘူးဆို...ဒါက ဘာသဘောလဲ...ခင်ဗျားပြောလေ...ဒါဘာသဘောလဲလို့"

ဒေါက်တာ Ka-kochan၏ မျက်ဝန်းမှ မျက်ရည်များ စီးကျကာ ပါးပြင်ပေါ်ဖြတ်သန်းသွားကြသည်။

ကြမ်းပြင်ပေါ် တစက်စက် စီးကျနေသော မျက်ရည်များအား ကြည့်ရင်း Ka-kochan ခေါင်းကိုသာ ငုံ့သထက် ငုံ့ထားမိသည်။ သူ လွန်းငယ်နှင့် မျက်လုံးချင်း ဆုံမကြည့်ရဲပေ။

စေရာ(Complete)Where stories live. Discover now