
35.5K 2.6K 108
                                    

Unicode

အပိုင်း(၄)

မောင်ဘာလို့ ပြောင်းလဲသွားရတာလဲ

လွန်ခဲ့သော အတိတ်ကာလဆီသို့.....

"ဦးအောင် ငယ် သင်တန်းနောက်ကျနေပြီ မြန်မြန် ငယ့်ကို လိုက်ပို့ပေးတော့"

အပေါ်ထပ်မှ လွန်းငယ် အမြန်ပြေးဆင်းလိုက်သည်။ အိပ်ရာထနောက်ကျသွားသောကြောင့် သင်တန်းနောက်ကျနေပြီ။ ကိုကို အပ်ပေးခဲ့သော ဂျပန်စာသင်တန်းဆရာသည် အလွန်စည်းကမ်းကြီးသည်။ ဆယ့်ငါးမိနစ်ထက် ပိုနောက်ကျသူများအား အတန်းထဲ ပေးမဝင်ပေ။

"ငယ်လေး ဖြေးဖြေး...ဖြေးဖြေးဆင်းပါ ငယ်လေးရယ်"

ဦးအောင်သည် ဖုန်းကိုင်ထားရင်းမှ သူ့အား စိုးရိမ်တကြီး သတိပေးလေသည်။

"ဦးအောင် မြန်မြန်လုပ် သွားရအောင်"

"အပြင်မှာ အေးတယ် ငယ်လေး...အနွေးထည်ထပ်ဝတ်ပါဦး"

ဝတ်နေကျ ပုံစံအတိုင်း ပိန်ပါးသောကိုယ် မပေါ်အောင် ဝတ်ထားသည့် အဖြူရောင် ရှပ်လက်တိုအပွလေးနှင့် ဂျင်းဘောင်းဘီ အပြာ ဝတ်ထားသည့်သူ့အား ဦးအောင်က သတိပေးလာသည်။

"အပေါ်ထပ်တက်ယူရမှာ...အချိန်မရှိတော့ဘူး ဦးအောင်"

"ငယ်လေး သခင်လေးက ငယ်လေးနဲ့ ဖုန်းပြောချင်လို့တဲ့"

ထိုးပေးလာသော ဖုန်းကြောင့် လွန်းငယ် ဇက်ပုသွားရသည်။ ဦးအောင် ကိုင်ထားခဲ့သော ဖုန်းသည် ကိုကို့ဖုန်းပင်။ သူ ဦးအောင်အား ပြောနေသည်များကို ကိုကို ကြားပြီးလောက်ချေပြီ။

ဖုန်းအား မဝံ့မရဲဖြင့်ယူကာ နား,နား ကပ်လိုက်သည်။

"ဟယ်လို ကိုကို"

"ငယ် လက်ရှည် မဝတ်ဘဲ သင်တန်း မသွားရဘူး...ကိုကို မရှိတာနဲ့ ပေါ့ပေါ့လေးနေနေတယ်ပေါ့လေ ငယ်...ကျန်းမာရေးလည်း ဂရုမစိုက်ဘူး...ကိုကို ဂျပန်မသွားခင် ငယ့်ကို ဘယ်လိုမှာခဲ့လဲ မေ့နေပြီလား"

စလာလေပြီ။ ကိုကို၏ သြဝါဒ ခြွေမှုတွေ။ လွန်းငယ် နားညီးရပေတော့မည်။ ဆက်တိုက်နားမညီးရအောင် သူ အမြန်စကားစဖြတ်လိုက်၏။

စေရာ(Complete)Tempat cerita menjadi hidup. Temukan sekarang