
23.2K 1.9K 178
                                    

အပိုင်း(၂၄)

မမျှော်လင့်ထားသော ဖြစ်ရပ်များ

"Boss ဒီည US စီးပွားရေးသံတမန် ဟယ်ရီကို ကြိုဆိုပွဲ PSလုပ်ငန်းစုမှာ ကျင်းပမှာပါ...boss တက်ရောက်ဖို့ ဖိတ်စာရထားပါတယ်"

ခွန်းသုရှင် အလုပ်ထဲစိတ်နှစ်ထားရာမှ ကိုဆက် စကားကြောင့် မော့ကြည့်လိုက်မိသည်။ သတိရစိတ်အား ဖြေဖျောက်ရန် အလုပ်တွင်သာ သူ ခေါင်းစိုက်ထားမိသည်။

"ကြိုဆိုပွဲက လုပ်ငန်းရှင်တိုင်း တက်မှဖြစ်မှာ...ဟယ်ရီရဲ့ လုပ်ပိုင်ခွင့်အာဏာက စီးပွားရေးသမားတိုင်း မက်လောက်စရာအခြေအနေပဲ...ငါ အခမ်းအနားတက်ဖို့ ပြင်ဆင်လိုက်မယ်"

"ဟုတ်ကဲ့ Boss"

ကိုဆက်အခန်းထဲမှ ထွက်သွားသည်နှင့် ခွန်းသုရှင် ဖုန်းယူကာ "My boy" ဟူသော contact nameလေးအား နှိပ်ရန် ဇဝေဇဝါ ဖြစ်နေမိသည်။

နောက်ဆုံး ဆုံးဖြတ်ချက်ချကာ ဖုန်းနံပါတ်အား နှိပ်၍ ဖုန်းခေါ်လိုက်၏။

"တီ...တီ...တီ..............လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ သတ်မှတ်ချိန်တွင်း ပြန်လည်ဖြေကြားခြင်းမရှိ......"

End အား နှိပ်ကာ ဖုန်းခေါ်ဆိုမှုအား အဆုံးသတ်လိုက်သည်။

"My boy"ဟူသော contact name လေးအား edit ၍ "My Love" ဟု ပြောင်းလိုက်သည်။

Screen ပေါ်ရှိ contact name အသစ်လေးအား ကြည့်နေစဉ် ဖုန်း call တစ်ခုဝင်လာတော့သည်။ ဖုန်းခေါ်သူနာမည်တွင် "မိုး"ဟူသော အမည်နာမက ထင်ရှားစွာ ပေါ်နေသည်။

"ဟယ်လို မိုး"

"ကို ဒီနေ့ သံတမန်ဟယ်ရီ ကြိုဆိုပွဲကို ကို သွားမှာမလား"

"သွားမှာ မိုး...ဘာလို့လဲ"

"မိုး လိုက်ချင်လို့ ကို...ဟယ်ရီက မိုးရဲ့ idol လေ...ဖေဖေ၊ မေမေတို့ကြောင့်သာ ဆေးပညာလေ့လာလိုက်ရတာ...မိုးတကယ် ဝါသနာပါတာ စီးပွားရေးဆိုတာ ကို သိတာပဲ...မိုး ငယ်ငယ်ကဆို ဟယ်ရီရဲ့ စီးပွားရေးလမ်းပြစာအုပ်တွေ ဖတ်ပြီး အရမ်းစိတ်ကူးယဉ်ခဲ့တာ...ညကျ မိုးကို partanerအဖြစ် ပွဲကို ခေါ်သွားပေးလို့ရလား"

စိတ်လှုပ်ရှားစွာ ဆက်တိုက်ပြော၍ တောင်းဆိုလာသော မိုးအား သူ မငြင်းဆန်ချင်ပေ။ သူ့အတွက်လည်း ခက်ခဲသည့် ကိစ္စမဟုတ်သောကြောင့် လက်ခံရန် ဆုံးဖြတ်လိုက်သည်။

စေရာ(Complete)Where stories live. Discover now