
22.7K 1.9K 113
                                    

Unicode

အပိုင်း(၁၇)

သံယောဇဉ်နှင့် ချစ်ခြင်းကြားက မြေစာပင်လေး

မောင့်အတွင်းရေးမှူး အကူအညီဖြင့် လွန်းငယ် အိမ်ပြန်ရောက်လာသော်လည်း လုံးဝစိတ်မအေးနိုင်။

အတွင်းရေးမှူး ကိုဆက်က စိတ်မပူရန် ပြောကာ မောင့်ဆီ လိုက်သွားပေမဲ့ လွန်းငယ်ကိုတော့ ခေါ်မသွားပေ။ လွန်းငယ် အနေဖြင့် အကူအညီတောင်းစရာ ရင်းနှီးသည့်လူလည်း တစ်ယောက်မှ မရှိ။

ဖုန်းအား ကိုင်ရင်း အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။

အခက်အခဲကြုံတိုင်း အတွေးထဲ ဦးစွာ ပေါ်လာတတ်သူက ကိုကို။ လွန်းငယ် ငိုချင်လာရသည်။ ကိုကိုက သူ့အတွက် အမြဲတမ်းတံတိုင်းသဖွယ် တည်ရှိနေခဲ့တာပဲ။ သူ ဒေါသထွက်ကာ ပါတီတွင် ကိုကို အနာကျင်ဆုံးဖြစ်စေမည့်စကားတို့အား ပြောဆိုခဲ့မိသည်။

ရုတ်တရက် မောင့်ကြောင့် ဘာမှမစဉ်းစားနိုင်ပဲ ခေါင်းထဲထူပူကာ ပြောဆိုမိခြင်းသာ။ ငယ်ကတည်းက တူတူကြီးပြင်းလာသည့် ကိုကို့အား သူ မမုန်းရက်နိုင်ပါ။ ကိုကိုက ကမ္ဘာပေါ်တွင် သူ အလေးစားရဆုံး အားအကိုးရဆုံး လူတစ်ယောက်ပင်။

ကြံရာမရဖြစ်ချိန်တိုင်း ခေါ်ဆိုတတ်သော ဖုန်းနံပါတ်လေးအား ဖုန်းscreenပေါ် ရိုက်လိုက်မိသည်။ ခေါ်သင့် မခေါ်သင့် အကြိမ်ကြိမ် ချီတုံချတုံဖြစ်ပြီးနောက် အရဲစွန့်ကာ ဖုန်းခေါ်လိုက်မိသည်။ နား,နားကပ်ထားသော ဖုန်းအား ကိုင်ထားသည့် လက်တို့သည် တုန်ရီစွာ။

တစ်ဖက်သို့ ဖုန်းဝင်ပြီးသည်နှင့် ချက်ချင်း ဖုန်းကိုင်ကာ ပြန်ဖြေသံတစ်ခုထွက်ပေါ်လာသည်။

"ဟယ်လို ငယ်...ကိုကို့ကို အကူအညီတောင်းမလို့လား"

လွန်းငယ် မျက်ဝန်းမှ မျက်ရည်တစ်စက်ပါးပြင်ပေါ် ကျသွားရသည်။ ကိုကိုက သူ့အား နားလည်နိုင်လွန်းသည်။ သူ၏ ဖုန်းခေါ်ဆိုခြင်းအား ချက်ချင်းခန့်မှန်းနိုင်အောင်ထိ ကိုကို တော်လွန်းသည်။

"ငယ် တောင်းပန်ပါတယ်...ငယ် တကယ် တောင်းပန်ပါတယ်"

ရှိုက်သံသဲ့သဲ့အဆုံး ထွက်ပေါ်လာသော ကိုကို၏ အသံ။

စေရာ(Complete)Where stories live. Discover now