
25.5K 2.1K 185
                                    

Unicode

အပိုင်း(၁၀)

တန်ပြန်မှု၏ စေရာ

လွန်းငယ် အိပ်ပျော်နေသော ပေါက်စီလေး၏ ပါးပြင်အား နမ်းရှိုက်လိုက်သည်။ ငိုရတာ မောသွားသောကြောင့် ကလေးငယ်လေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေပြီ။

အခန်းတံခါးအား စေ့ကာ သူ အပြင်သို့ ထွက်လာလိုက်သည်။ အခန်းအပြင်တွင် ရပ်စောင့်နေသောကြီးကြီးအား တွေ့လိုက်ရ၏။

"ကြီးကြီး တစ်ခုခုပြောစရာရှိလို့လား"

"အင်း သားငယ်လေး...သားသုက အခန်းထဲစာကြည့်စားပွဲပေါ်မှာ အရေးကြီးတဲ့ အလုပ်ဖိုင်ကျန်ခဲ့လို့ သားငယ်လေးကို လာပို့ပေးဖို့ ဖုန်းဆက်တယ်...ဖိုင်အနီရောင်လေးတဲ့"

"ကျွန်တော် သွားပို့ရမှာလား"

ကြီးကြီးက သူ့အား ခေါင်းညိတ်ပြသောကြောင့် လွန်းငယ်သက်ပြင်းချလိုက်သည်။

"ကျွန်တော် သွားပို့လိုက်ပါ့မယ်"

လွန်းငယ် စာကြည့်စားပွဲရှိရာသွား၍ စာဖိုင်အား ယူကာ အိမ်ပြင်သို့ထွက်လာလိုက်သည်။ လမ်းမဆီ လမ်းလျှောက်၍ Taxi စီးကာ သွားပို့ရပေဦးမည်။ ဒီအိမ်တွင် လွန်းငယ် သွားချင်ရာပို့ပေးမည့်ကားနှင့် ဒရိုင်ဘာဟူ၍ မရှိပေ။

လမ်းမဆီ ရောက်သည်နှင့် Taxi တားကာ ကုမ္ပဏီနာမည်အား ပြော၍ ကုမ္ပဏီရှိရာဆီ ပို့ခိုင်းလိုက်သည်။

ကုမ္ပဏီ တံခါးပေါက်ရှေ့တွင် လွန်းငယ် အတန်ကြာရပ်နေမိသည်။ ဝင်ရမည်ကို စိုးရွံ့နေမိသောကြောင့် လက်ဖျားခြေဖျားများပင် အေးစက်လာသည်။ ဖုန်းထုတ်ကာ မောင့်အား ဖုန်းခေါ်လိုက်မိသည်။

"ဟယ်လို"

"ဟယ်လို မောင်...လွန်းငယ် ကုမ္ပဏီရှေ့မှာ...အထဲမဝင်တော့ဘူးလေ...တစ်ယောက်ယောက်လာယူခိုင်းလိုက်ပါလား"

"ဒီမှာ ဘယ်သူမှ မအားဘူး လွန်းငယ်...အကုန်အလုပ်ကိုယ်စီနဲ့"

မောင့်စကားကြောင့် လွန်းငယ် ဘာဆက်ပြောရမည်မှန်း မသိတော့။

"မောင် လွန်းငယ် နေမကောင်းတာ မသက်သာသေးဘူး...လမ်းလျှောက်လာရတာအဆင်မပြေဘူး မောင်"

စေရာ(Complete)Where stories live. Discover now