
20.1K 1.5K 112
                                    

အပိုင်း(၃၃)

အတုံ့အလှည့်

"ပါးပါး"

အိပ်ရာပေါ် ခေါင်းတင်၍ အိပ်နေရာမှ ကလေးငယ်အသံကြောင့် ထကာ ပေါက်စီလေးအား ကြည့်လိုက်သည်။

"နိုးပြီလား ပေါက်စီလေး"

"သား နိုးပြီ"

"ခေါက်ဆွဲပြုတ် လုပ်ထားတယ်...စားမယ်မလား"

"စားမှာ ပါးပါး...ပါးပါး လက်ရာ မစားရတာ အရမ်းကြာနေပြီ...သား စားမှာ"

လွန်းငယ် မနမ်းရတာကြာနေပြီဖြစ်သော ကလေးငယ်၏ပါးအိအိလေးများအား နမ်းရှိုက်ကာ စောင်ဖယ်၍ ပွေ့ချီလိုက်သည်။

"အဲဒါဆို ခေါက်ဆွဲသွားစားစို့"

လွန်းငယ် ပေါက်စီလေးနှင့်အတူ ခေါက်ဆွဲပြုတ်စားရန် ထွက်လာလိုက်သည်။

မီးဖိုချောင်ထဲ သူ ရှုပ်ထားသည်များ အကုန်ရှင်းလင်းနေပြီး ပြုတ်ပြီးသော ခေါက်ဆွဲပန်းကန်လည်းအဆင်သင့်ရှိနေသည်။

လွန်းငယ် ခေါက်ဆွဲပန်းကန်အား ယူကာ ပေါက်စီလေးရှေ့ချပေးလိုက်၏။

"ဖြေးဖြေးစားနော် ပေါက်စီလေး"

"ဟုတ် ပါးပါး"

အစားအသောက်ရှေ့ရောက်သည်နှင့် ကလေးသဘာဝအတိုင်း ခေါင်းမဖော်တမ်းငုံ့စားလေတော့သည်။ လွန်းငယ် ပြုံးကာ ပေါက်စီလေး စားနေသည်အား ကြည့်နေလိုက်သည်။

"လွန်းငယ် စားပြီးပြီလား...မစားရသေးရင် မောင် တခုခုလုပ်ပေးမယ်"

သူတို့ရှိရာအနားရောက်လာကာ ပြောလာသူအား လွန်းငယ်ကြည့်လိုက်မိသည်။ လက်တွင် ပက်တီးစီးထားသောကြောင့် လွန်းငယ် စိုးရိမ်သွားရသည်။

သူနှင့်စကားမများခင်ကပင် အကောင်းဖြစ်နေသောလက်က ချက်ချင်းအနာတရဖြစ်သွားပုံမှာ သေချာပေါက် သူ့ပယောဂမကင်းလောက်။ သို့သော် လွန်းငယ် မမေးမိအောင် ထိန်းထားလိုက်သည်။ ဂရုစိုက်လိုက်မှုတစ်ခုကြောင့် နောက်ဆက်တွဲဖြစ်လာမည့်အရာများအား လွန်းငယ် ရင်မဆိုင်ရဲသေးပေ။

"မစားတော့ဘူး...ဆာလည်း မဆာဘူး"

"ပါးပါး သားကုန်ပြီ"

စေရာ(Complete)Where stories live. Discover now