
26.2K 2K 109
                                    

အပိုင်း(၂၂)

အမှောင်ထဲက ကာကွယ်မယ့်သူ

အခန်းထဲရှိ သူနှင့်သက်ဆိုင်သော ပစ္စည်းများအား ထုတ်၍ luggage ထဲထည့်ကာ သိမ်းဆည်းလိုက်၏။

ဖွင့်ထားသော တံခါးမှ ရုတ်တရက် ဝင်လာသောမောင်။ လွန်းငယ် အကြည့်တစ်ချက်မှမပေးဘဲ လုပ်လက်စအား ဆက်လုပ်နေလိုက်သည်။

"လွန်းငယ် မင်းဘာလုပ်နေတာလဲ"

"မောင် မြင်တဲ့အတိုင်းပဲလေ...လွန်းငယ် ဒီမှာဆက်မနေတော့ဘူး"

"ဒီမှာ မနေဘဲ မင်းကဘယ်သွားနေမှာလဲ...မင်းကိုငါကသွားခွင့်ပြုလို့လား"

"မောင့်မှာ တားပိုင်ခွင့်ရှိလို့လား...လွန်းငယ်အိမ် လွန်းငယ်ပြန်နေလို့ရတယ်"

Luggageအား အဖုံးပိတ်လိုက်ပြီး ကိုင်းမှဆွဲကိုင်၍ အခန်းပြင်ထွက်ရန် ပြင်တော့ရှေ့မှ ပိတ်ရပ်ကာ တားဆီးလာသောမောင်။

"မောင် အခုချက်ချင်း ဖယ်ပေး"

"ငါမင်းကို သွားခွင့်မပြုနိုင်ဘူး ပြောနေတယ်လေ"

"လွန်းငယ် စိတ်နဲ့လွန်းငယ်ပဲ မောင့်မှာ တားပိုင်ခွင့်မရှိဘူး ဖယ်"

"လွန်းထားစေ...ငါ ပြောနေတယ် မင်းမသွားရဘူးလို့...ငါ ဒီနေ့ မင်းကို ဒီကထွက်သွားခွင့် မပြုနိုင်ဘူး"

လွန်းငယ် နာကျင်စွာ ပြုံးလိုက်မိသည်။ မောင့်စိတ်ထဲ လွန်းငယ်က စေလိုရာစေနိုင်သည့် အရုပ်တစ်ရုပ်ဟုထင်မှတ်နေပုံရသည်။

နောက်ပြန်လှည့်ကာ ကုတင်ခေါင်းရင်းရှိ ခုံအံဆွဲအားဖွင့်ပြီး အံဆွဲထဲရှိ မောင်းချဓားအတိုအား ဆွဲယူလိုက်သည်။ ခလုတ်နှိပ်လိုက်ပြီး ထွက်ပေါ်လာသော ဓားသွားကို လက်ကောက်ဝတ်သွေးကြောပေါ်တင်ကာ မောင့်မျက်နှာအား ကြည့်လိုက်သည်။

"မောင် ထွက်သွားခွင့် မပြုရင် လွန်းငယ် ဘာဆက်လုပ်မယ်ဆိုတာ မြင်တယ်မလား...လွန်းငယ် တကယ်လုပ်နိုင်တယ်ဆိုတာ မောင်သိပါတယ်"

မဲ့ပြုံးတစ်ခုနှင့် ဆိုလာသော ခြိမ်းခြောက်စကားကြောင့် ခွန်းသုရှင်ရင်ထဲပူလောင်လာရသည်။ သူ့အတွက်ဆို ကိုယ့်ကိုကိုယ် ထိခိုက်ဒဏ်ရာရအောင်အမြဲလုပ်တတ်သည့်လွန်းငယ်က ခုခြိမ်းခြောက်သကဲ့သို့ မလုပ်ရဲစရာ အကြောင်းမရှိ။ ထွက်သွားခွင့်ပြုလိုက်လျှင် သူလွန်းငယ်အား ဆုံးရှုံးရမည်ကို စိုးရွံ့နေမိသည်။

စေရာ(Complete)Where stories live. Discover now