
23.2K 1.9K 148
                                    

Unicode

အပိုင်း(၂၀)

ဖုံးကွယ်ထားသော ခံစားချက်များ

"Boss"

ကိုယ်ပိုင်အလုပ်ခန်းထဲ ဝင်လာသည့် ကိုဆက်၏ ရေးကြီးသုတ်ပျာခေါ်သံကြောင့် ခွန်းသုရှင် အလုပ်လုပ်နေရာမှ မော့ကြည့်လိုက်သည်။

"မင်းသမီး မဒီရာက bossကို ဆက်သွယ်လာတယ်"

ခွန်းသုရှင် မျက်ခုံးပင့်၍ ကိုဆက်အား ကြည့်လိုက်မိ၏။

PSရဲ့ ပင်တိုင်မော်ဒယ်က သူ့အား ဆက်သွယ်လာသည်တဲ့။ စိတ်ဝင်စားစရာပဲ။

"ဒါ သူ့ဖုန်းနံပါတ်ပါ...boss သူ့ကို ပြန်ဆက်သွယ်ဖို့ ပြောသွားပါတယ်"

ကိုဆက် ကမ်းပေးသော စာရွက်အား ယူကြည့်လိုက်တော့ ဖုန်းနံပါတ်တစ်ခုအား ရေးမှတ်ထားသည်ကို တွေ့လိုက်ရသည်။

"Boss လက်က အဆင်ပြေရဲ့လား...ဆေးထည့်ပြီး ပက်တီးစီးမလား"

ကိုဆက်စကားကြောင့် ခွန်းသုရှင် စာရွက်ကိုင်ထားသည့် အရေခွံလန်နေသော ညာဘက်လက်အား ကြည့်လိုက်မိသည်။

"ရတယ် မနက်က ဆေးထည့်လာခဲ့တယ်...ပက်တီးနဲ့ဆို အလုပ်လုပ်ရ အဆင်မပြေလို့"

"ဟုတ်ကဲ့ boss"

ခွန်းသုရှင် ဖုန်းနံပါတ်ရိုက်ထည့်ကာ ဖုန်းခေါ်လိုက်သည်။

"ဟယ်လို"

တစ်ဖက်မှ ဆွဲဆောင်မှုရှိသော မိန်းကလေးအသံအား ကြားလိုက်ရ၏။

"ဟယ်လို မဒီရာလား...ကျွန်တော် ခွန်းသုရှင်ပါ"

သူ့နာမည်ပြောသံအဆုံး တစ်ဖက်မှ မိန်းကလေး၏ တခစ်ခစ်ရယ်သံ ထွက်လာသောကြောင့် ခွန်းသုရှင် မျက်မှောင်ကြုတ်လိုက်မိသည်။

"High Riskရဲ့ ဥက္ကဋ္ဌခွန်းပဲ...ဆက်သွယ်လိုက်ရတာက တခြားအကြောင်း မဟုတ်ပါဘူး ခွန်း...High Riskနဲ့ PSရဲ့ပြိုင်ဆိုင်မှုတွေကို ကျွန်မစိတ်ဝင်စားလို့ ဆက်သွယ်လိုက်တာပါ"

ခွန်းသုရှင် စိတ်ထဲတွင် အသံညုတုတု လုပ်ပြောနေသော ထိုအမျိုးသမီးအား မနှစ်မြို့တော့။

"မင်း ဘာကိုဆိုလိုချင်တာလဲ"

"အင်း ကျွန်မ ဆိုလိုချင်တာက အခုလက်ရှိ PSက ကျွန်မကို အသုံးချပြီး ကုမ္ပဏီပုံရိပ်ကို ပြန်ဆယ်ထားတယ်လေ...တကယ်လို့ ရှင်ကသာ PSထက် ပိုပေးနိုင်ရင် ကျွန်မက ဘာလို့ PSကို သစ္စာမဖောက်ရဲရမှာလဲ"

စေရာ(Complete)Where stories live. Discover now