
22.2K 1.9K 298
                                    

အပိုင်း(၂၇)

စွန့်လွှတ်လိုက်သော နှလုံးသား...။

"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါ တီ တီ တီ..."

ဆက်သွယ်၍ မရသော ဖုန်းအား ကြည့်ကာ ခွန်းသုရှင် စိတ်ခံစားချက်တို့ မကောင်းတော့။

အလုပ်စားပွဲနောက်ရှိ အင်္ကျီချိတ်နေရာတွင် ချိတ်ထားသော အပေါ်ကုတ်အား ကောက်ဝတ်လိုက်ပြီး အခန်းထဲမှ ထွက်ရန်ပြင်စဉ် ကိုဆက် အထဲသို့ ဝင်လာသည်။

"Boss ဘယ်သွားမလို့လဲ"

"လွန်းငယ်ဆီ သွားမလို့ ကိုဆက်"

"Boss ခုချိန် သွားလို့ မဖြစ်ဘူး"

တားဆီးလာသော ကိုဆက်စကားကြောင့် ခွန်းသုရှင် ကိုဆက်အား အံ့သြစွာကြည့်လိုက်မိသည်။

"ဘာလို့လဲ"

"ဥက္ကဋ္ဌစေထားရာမှာ ဦးနှောက်အကြိတ်ကင်ဆာ ဖြစ်နေတယ်လို့ ကျွန်တော်သတင်းကြားထားတယ်...boss ခုချိန်သွားရင် လုံးဝအဆင်ပြေမှာ မဟုတ်ဘူး...နှစ်ဦးနှစ်ဖက်က မျက်နှာချင်းဆိုင်ပြီး သာကြောင်းမာကြောင်း မေးလို့ရမဲ့ အခြေအနေမှ မဟုတ်တာ...ပြသနာ ပိုကြီးသွားနိုင်တယ်...ပြီးတော့ Bossက PSရဲ့ ဥက္ကဋ္ဌအသစ်...Bossမှာ PSနဲ High Risk အတွက်လုပ်စရာတွေ အများကြီးရှိနေတယ်...ရာထူးအရွှေ့အပြောင်း နေရာအရွှေ့အပြောင်းတွေ ကုမ္ပဏီ အုပ်ချုပ်ရေးပိုင်းတွေကိုအစကနေပြန်ပြီး မွမ်းမံပြင်ဆင်ရမှာ...ကုမ္ပဏီ အဆင်ပြေပြေလည်ပတ်နိုင်ဖို့ အများဆုံးအချိန်တစ်နှစ်လောက်ထိ အချိန်ပေးရမယ်ဆိုတာ Bossအနေနဲ့သိမှာပါ"

ကိုဆက် ပြောသမျှအား သူ နားလည်သည်။ သူ့အနေဖြင့် အချိန်ပေးလုပ်စရာတွေ တပုံတပင်ရှိနေသည်။ သူနှင့် လွန်းငယ်ကြား အခြေအနေသည်လည်း တဖြေးဖြေး ဝေးကွာနေလေပြီ။

"နောက်ဆယ့်ငါးမိနစ်ဆို ကုမ္ပဏီရာထူးအရွှေ့အပြောင်း အစည်းအဝေးရှိတယ် Boss...မနက်ဖြန် VIP Perfumeကို တရုတ်ဈေးကွက်ချဲ့ထွင်ဖို့ ရှန်ဟိုင်းကို သွားရဦးမယ်...အဲဒီအတွက် အစည်းအဝေးက ညနေ ၃နာရီမှာ ရှိမယ် Boss...Boss လုပ်စရာတွေ အများကြီးရှိနေတယ်...သေချာစဉ်းစားပါဦး"

စေရာ(Complete)Where stories live. Discover now