
26.6K 2.3K 94
                                    

Unicode

အပိုင်း(၅)

ကိုကို ပြန်လာပြီ...။

"ခွမ်း"

စားပွဲပေါ်တင်ထားသော ဖန်ခွက်အား နံရံဘက်သို့ ပစ်ခွဲလိုက်သည်။

စေထားရာ ဒေါသတို့အား ဖန်ခွက်အပေါ် ပုံချကာ ပေါက်ကွဲပစ်လိုက်ခြင်းဖြစ်သည်။

အလုပ်ကိစ္စနှင့် မလာမနေရမို့ စိတ်မချနိုင်သောငယ်လေးအား သေချာဂရုစိုက်ခိုင်းခဲ့သော်လည်း တစ်ယောက်မှ အသုံးမကျကြ။ ငယ်လေးတွင် ချစ်သူရှိသည်ကိုပင် တစ်ယောက်မှ မသိကြပေ။ ခိုးရာလိုက်သွားမှ သိကြသည်တဲ့။ မင်္ဂလာဆောင်ဖိတ်စာ လာကမ်းမှ မသိကြလို့ တော်သေးသည်ဟု ချီးမွမ်းရပေဦးမည်လား။

သူ့အား အကြောင်းကြားကြားချင်း ပူလောင်နေသောစိတ်ဖြင့် ငယ်လေးဆီသွားချင်နေသော်လည်း မပြီးပြတ်သေးသော ကိစ္စများ ကျန်ရှိနေသေးသောကြောင့် ငယ်လေး လက်ထပ်ပြီးသည်ထိ သူ မပြန်နိုင်သေး။

ငယ်လေးကိစ္စအား သိသိချင်း ရင်တစ်ခုလုံး ဆို့နစ်ကြေကွဲခဲ့ရသည်။ သူ၏ တစ်ဦးတည်းသောငယ်လေးအား သူ့ရင်ခွင်မှဆွဲထုတ်သွားသူကို အပိုင်းပိုင်းဖြစ်အောင် ခုတ်သတ်ချင်နေသည့်ဒေါသအား ထိန်းထားရ၏။ လက်ထပ်ခြင်းအား သူ သဘောမတူ။ သူ သဘောမတူသော မင်္ဂလာကိစ္စသည် မရှိစေရ။ ငယ်လေးနှင့် ​ထိုလူအား မရ,ရအောင် သူ ခွဲမည်။ ငယ်လေး သူ့အား မမုန်းအောင်တော့ လုပ်ရပေမည်။

"ဒေါသထွက်တာ မင်းကျန်းမာရေးအတွက် မကောင်းဘူး ထားရာ...မင်း ညီလေးကို အရမ်းစိတ်ပူနေမှန်း သိပေမဲ့ မင်း ပြန်လို့မဖြစ်သေးဘူး"

နောက်ဘက်မှ ထွက်ပေါ်လာသော ဂျပန်ဘာသာဖြင့် စကားသံ။ စေထားရာ ထိုလူအား မျက်နှာချင်းဆိုင်လိုက်သည်။

"ငါ့ကို လာနားမချနဲ့ Kako-chan(ကကိုချန်)...မင်းက ဒေါက်တာတစ်ယောက်ဆိုပေမဲ့ မင်းငါ့အခက်အခဲကို ကူညီမဖြေရှင်းနိုင်ဘူး....ဘာလုပ်လုပ်မထူးမဲ့ အတူတူ ငါမြန်မာပြည်ပြန်မယ်"

ဂျူတီကုတ်အဖြူရောင်အား ဝတ်ထားသည့် ဒေါက်တာ Kako-chanသည် သူ့အား ဂျပန်တွင် ဆက်နေစေချင်သည့်သူ။ သူ ယခုချိန်တွင် Kako-chan၏ တားဆီးစကားတို့အား နားမထောင်နိုင်တော့။ သူ့အတွက် ငယ်သည်သာ အရေးအကြီးဆုံးပင်။ အချိန်မလွန်ခင် သူ ငယ့်အား လုံခြုံသော သူ၏ ရင်ခွင်ထဲ ပြန်ခေါ်ရမည်။

စေရာ(Complete)Where stories live. Discover now