အပိုင်း(၄၇) ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း

18.6K 1.3K 219
                                    


အပိုင်း(၄၇)

ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း

နှစ်လကြာပြီးနောက်....

" ပါးပါး သားကျောင်းက ပြန်လာပြီ"

အိမ်ရှေ့မှ ထွက်ပေါ်လာသော ပေါက်စီလေးအသံကြောင့် လွန်းငယ် အိမ်ရှေ့သို့ထွက်လာလိုက်သည်။ ရင်းနှီးနေသော အိမ်အနေအထားကြောင့် မမြင်ရသော်လည်း အပြင်ရောက်ရန်မခက်ခဲခဲ့။

အိမ်တံခါးဝဆီ မရောက်သေးခင် လက်တစ်ဖက်အား ထိန်းကိုင်လာသူကြောင့် လွန်းငယ် ခြေလှမ်းတို့ ရပ်တန့်လိုက်သည်။

"မောင် မှာထားတယ်လေ...မောင် မပါဘဲ လွယ်လွယ်လျှောက်မသွားပါနဲ့ဆို"

လွန်းငယ် ပြုံးကာ ပြောလိုက်မိသည်။

"အိမ်ထဲက ငါလျှောက်လို့ရပါတယ်"

"သုသု ဆော့ထားတာတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ"

တကယ်ကို အရမ်းစိုးရိမ်စွာ ပြောနေပုံကြောင့် လွန်းငယ် ဘာမှမပြောတော့ဘဲ ငြိမ်နေလိုက်သည်။

"ဖေဖေက မဆီမဆိုင် သားကို ဆွဲထည့်နေတာ...သား ဆော့ပြီးရင် ပါးပါး မထိခိုက်အောင် အမြဲပြန်သိမ်းပါတယ်နော်"

ဘေးဘက်ဆီမှ ထွက်လာသော မကျေမနပ်သံစူးစူးလေးကြောင့် လွန်းငယ် ထပ်၍ ပြုံးလိုက်မိသည်။

"ဖေဖေက စိုးရိမ်လို့ ပြောတာပါ...မတော်တဆ သား မေ့ကျန်ခဲ့ရင်"

"သား မမေ့ပါဘူးနော်...ပါးပါးကို ထိခိုက်စေမှာမျိုး သား မမေ့ဖူးဘူး ဟွန့်"

ပေါက်စီလေး၏ ချစ်စရာကောင်းနေမည့်ပုံစံအား  လွန်းငယ် မမြင်ရသော်လည်း မှန်းဆမြင်ယောင်ကာ အသံထွက်ရယ်လိုက်မိသည်။

"ပါးပါးက အရမ်းချစ်စရာကောင်းတာပဲ"

သေချာပေါက် ပေါက်စီလေးက သူရယ်နေပုံအား ငေးကြည့်ကာ ပြောလာပုံရသည်။

လွန်းငယ် မောင့်လက်အား အသာဖယ်လိုက်ပြီး ထိုင်ချ၍ လက်နှစ်ဖက်အား ဆန့်တန်းလိုက်သည်။

"လာပါဦး ပါးပါးရဲ့ ပေါက်စီလေး"

ရင်ခွင်ထဲ နွေးထွေးစွာ တိုးဝှေ့လာမှုလေးအား ခံစားလိုက်ရသည်။ လွန်းငယ် တင်းကျပ်စွာ ဖက်ထားလိုက်မိ၏။

စေရာ(Complete)Where stories live. Discover now