
24.5K 2.1K 170
                                    

Unicode

အပိုင်း(၁၁)

ကြေမွသွားသော ဆန္ဒငယ်လေး

ပြတင်းတံခါးမှ တိုးဝင်လာသော နေခြည်ဖျော့ဖျော့ကြောင့် မျက်လုံးပွင့်လာသော်လည်း မနက်ခင်းတိုင်း မြင်နေကြ ဖြစ်သော မောင်၏ မျက်နှာအား မတွေ့ရပေ။ မောင် မနေ့က တစ်ညလုံး အပြင်မှာ အိပ်သည်။

ဘယ်မှာအိပ်မှန်းလည်း သူ မသိ။ ဖုန်းဆက်သော်လည်း စက်ပိတ်ထားသည်တဲ့။ လွန်းငယ်အား မောင်က လူရှေ့တစ်ခါမှ ပွဲမထုတ်ခဲ့သောကြောင့် မောင်၏ ရင်းနှီးရာများလည်း လွန်းငယ် မသိပါ။

တစ်ညလုံး သူ စိတ်ပူနေသည်ကို အကြောင်းမကြားဘဲ နေနိုင်သောမောင့်အား သူတကယ်အံ့သြမိသည်။ အိပ်ရာပေါ်မှ ထကာ အောက်ထပ်သို့ဆင်းလာလိုက်၏၊

မနက်စာ ပြင်နေသော ကြီးကြီး အနီးသို့ သွားကာ နှုတ်ဆက်လိုက်သည်။

"ကြီးကြီး Good morning"

"Morning သားငယ်လေး...နိုးပြီလား....ကြီးကြီး စောစောနိုးတာနဲ့ မနက်စာပြင်ထားလိုက်တာ...တစ်ခါတည်း စားမလား"

"မောင် ပြန်ရောက်မလားလို့ ဆင်းလာတာ ကြီးကြီး...ကျွန်တော် မျက်နှာမသစ်ရသေးဘူး...ပေါက်စီလေးကိုနှိုးပြီး သန့်ရှင်းရေးလုပ်ပြီးမှ တစ်ခေါက်ပြန်ဆင်းခဲ့မယ်"

"အင်း သားငယ်လေး"

ပေါက်စီလေးအား နှိုးရန် လွန်းငယ် အိမ်ပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ မောင်က သူ့ကို မမြင်ချင်သောကြောင့် အိမ်ပြန်မလာပုံရသော်လည်း ပေါက်စီလေးအား ကျောင်းလိုက်ပို့ရန်တော့ မေ့မည့်ပုံမပေါ်ပါ။ ပေါက်စီလေး အဆင်သင့်ဖြစ်နေစေရန်မှာ သူ၏ တာဝန်ပင်။

အခန်းတံခါးဖွင့်လိုက်တော့ အိပ်ရာပေါ်တွင် ထိုင်နေသောပေါက်စီလေးအား တွေ့လိုက်ရသည်။

"နိုးနေတာလား ပေါက်စီလေး"

"ဟုတ် သား အိပ်မပျော်လို့"

"အိပ်မပျော်ဘူး...အိပ်ရေးမဝဘူးပေါ့...ဖျားများဖျားတာလား"

စိုးရိမ်စွာ ပေါက်စီလေးနဖူးအား ထိလိုက်မိတော့ လက်သေးသေးလေးများက သူ၏လက်အား အပေါ်မှ ထပ်၍ဆုပ်ကိုင်လာသည်။

စေရာ(Complete)Where stories live. Discover now