အပိုင်း(၄၉)Final 1+2 စေစားသူရဲ့ "စေရာ"

47.9K 2.1K 1.4K
                                    

Unicode

အပိုင်း(၄၉)

စေစားသူရဲ့ "စေရာ"

မျက်ဝန်းများအား ဖွင့်လိုက်ချိန် အလင်းရောင်ဖျော့ဖျော့အား မြင်လိုက်ရသည်။ မြင်ကွင်းတို့က အနည်းငယ် မှုန်ဝါးနေရာမှ ကြည်လင်လာလေသည်။

"နိုးပြီလား"

တံခါးဝတွင် သူ့အား ပြုံးကြည့်ကာ မေးလာသော ကိုကို။ လွန်းငယ် မျက်လုံးများပြန်ပိတ်ကာ တစ်ချက်မျှ သန်းလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

"အင်း နိုးပြီ ကိုကို"

သူ့ဆီသို့ လျှောက်လှမ်းလာသော ခြေသံများ ရပ်တန့်သွားခြင်းကို လွန်းငယ် ခံစားလိုက်ရသည်။ မျက်လုံးတို့အား ဖွင့်ကာ ကြည့်လိုက်တော့ မလှမ်းမကမ်းတွင် သူ့အား အံ့သြစွာ စိုက်ကြည့်နေပါသောမောင်။

လွန်းငယ် အခန်းအနှံ့လှည့်ပတ်ကြည့်ရှုလိုက်၏။

"မောင်...ကိုကိုရော...ကိုကို ဘယ်ရောက်သွားတာလဲ"

မောင်က သူ့အား သနားကြင်နာသော မျက်ဝန်းများဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။

"လွန်းငယ်...သူ မရှိတော့ဘူးလေ...သတိထားပါဦး"

လွန်းငယ် မျက်ခုံးတို့ အလိုမကျစွာ တွန့်ချိုးလိုက်မိသည်။

"ဘာလို့ မရှိရမှာလဲ...ခုနကတောင် ကိုကို ငယ့်ကို စိုက်ကြည့်နေတာ"

"လွန်းငယ် ဒီနေရာမှာ မောင်ပဲရှိနေခဲ့တာ...စိတ်ထိန်းဦး လွန်းငယ်...သူ ဆုံးတာတစ်နှစ်ပြည့်တော့မယ်"

လွန်းငယ် မောင့်အား ဒေါသထွက်စွာ စိုက်ကြည့်လိုက်မိသည်။

"ဘာတွေ​ပြောနေတာလဲ မောင်...ဘယ်သူဆုံးတာလဲ"

မောင်က သူ့အနီးသို့ သူ၏ ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်လာသည်။

"စေထားရာ...သူ မရှိတော့ဘူး လွန်းငယ်...လွန်းငယ် ကိုယ်တိုင် သူ့စျာပနကို တက်ခဲ့တာ...သတိထားပါဦး"

လွန်းငယ် ငြိမ်ကျသွားရသည်။ ကိုကို ဆုံးပြီတဲ့။ လူတိုင်းက ပြောကြတယ်။ ကိုကို မရှိတော့ဘူးတဲ့။ ဒါဆို ဘာလို့ လွန်းငယ် ကိုကို့ပုံရိပ်တွေ မြင်နေရတာလဲ။ နေရာတိုင်း၊ သူ၏ နေရာတိုင်းတွင် ကိုကို ရှိနေခဲ့သည်။

စေရာ(Complete)Where stories live. Discover now