{Zawgyi}
Headphoneကိုလည်ပင်းမှာချိတ်ပြီး လွယ်အိတ်ကိုဘေးတစောင်းလွယ်ကာ school uniformဘောင်းဘီအိတ်ထဲလက်ထည့်ကာ ကျောင်းရှေ့မှာရပ်နေတဲ့လူငယ်လေးတစ်ယောက်...။
အပြုံးအရယ်မရှိတည်တံ့နေတဲ့မျက်နှာထားက လူတိုင်းကိုရှိန်စေနိုင်သည့်အနေအထားဖြင့်...။
၁၄နှစ်ဆိုတဲ့အသက်နှင့်မလိုက်အောင်ရှည်လျားလွန်းတဲ့အရပ်နဲ့ ခပ်တောင့်တောင့်body structureက အရွယ်ရောက်ပြီးသား ဆယ်ကျော်သက်တစ်ယောက်အလား...။
အများနှင့်မတူစွာ စိမ်းဖန့်ဖန့်အရောင်ရှိတဲ့ထိုကောင်လေးရဲ့မျက်ဝန်းတွေက လူအများရဲ့အာရုံကိုသူ့ထံဝဲနေအောင်ဖမ်းစားထားနိုင်သည်။
တစ်ခုပဲ....ထိုကောင်လေးကသောက်ကျိုးနည်းအောင်ယောက်ျားဆန်နေပေမဲ့Betaတဲ့လေ...။
"နောက်ကျတယ်....."
ထိုကောင်လေးက သူ့ဖုန်းထဲကနာရီကိုကြည့်ပြီးတစ်ယောက်ထဲမကျေမချမ်းရေရွတ်တယ်...။
ကျောင်းဆင်းချိန်မို့ ထိုကောင်လေးနည်းတူ အိမ်မှလာအကြိုကိုစောင့်နေကြတဲ့ကျောင်းသားတွေလည်းအများသားရယ်...။
သို့ပေမဲ့ထိုလူတွေထဲတွင်ထိုအနှီကောင်လေးကထင်းထွက်နေသည်။
ယနေ့မှ အတန်းပြောင်းလာတဲ့ထိုBetaကောင်လေးက နေ့တွင်းချင်းပင် တစ်ကျောင်းလုံး၌နာမည်ကြီးသွားလေသည်။
"ဟို.....အစ်ကို...."
ရပ်နေတဲ့နေရာနားကို ချဉ်းကပ်လာတဲ့ ကောင်မလေးသုံးယောက်ထဲက အလယ်နားကရုပ်ရည်အသင့်အတင့်နဲ့ကောင်မလေးတစ်ယောက်...။
သူကသာရုပ်ရည်အသင့်အတင့်လို့ပြောနေတာ ထိုမိန်းကလေးက ဒီကျောင်းရဲ့အချောဆုံးqueenဖြစ်တဲ့သူ့ထက်နှစ်နှစ်ကြီးတဲ့မိန်းကလေးတစ်ယောက်....။
ထိုမိန်းကလေးကိုတစ်ချက်သာကြည့်ပြီး သူ့အာရုံကိုဖုန်း၌သာပြန်လွှဲလိုက်သည်။
"အဟမ်း...အစ်ကိုမဟုတ်ဘူးပေါ့လေ...မင်းကငါ့ထက်၂နှစ်တောင်ငယ်တာဆိုတော့...."
မျက်နှာတစ်ခုလုံးပေါက်ထွက်မတတ်ပန်းရောင်သန်းကာ လက်သည်းတွေကိုကုတ်ခြစ်နေတဲ့ထိုအနှီမိန်းကလေးကတစ်ခွန်းတစ်ခွန်းပြောဖို့အတော်အားယူနေရသည်။
ΔΙΑΒΑΖΕΙΣ
Rebounding System(OC)
Ρομαντική(Myanmar*system fic) When MC and the Final Boss was the same person...... What about the boy who gave his soul to save the Final boss? What do you think whether villain could love someone or not? This is { own creation } ❌❌NOT TRANSLATION❌❌