Arc 2.6

10.6K 1.4K 109
                                    

{Zawgyi}

ကလေးငယ်နှင့် အတူရှိနေခဲ့သည်မှာ နှစ်ပတ်ခန့်ပင်ရှိနေလေပြီ။

ဒီနှစ်ပတ်အတွင်းကလေးငယ်၏ အပြုအမူများမှာ ပို၍ပင်ချစ်စရာကောင်းလာရသည်။

ရှဲ့စစ်ရန် နဲ့လည်း ကလေးငယ်မှာ အရင်လို စိမ်းမနေတော့။ရှိန်မနေတော့။ကလေးငယ်၏ အမူအကျင့်သေးသေးလေးကအစ ရှဲ့စစ်ရန်မှတ်မိနေလေပြီ။

ဥပမာ..........

ကလေးငယ်ကသရေစာတွေအရမ်းကြိုက်တတ်တာ။

ရှဲ့စစ်ရန် ကိုယ်တိုင်ထမင်းခွံ့မှသေချာစားတာ။

ညဖက်ဆိုလျှင် ကလေးငယ်က အိပ်ပျော်သွားသည့်တိုင် သူ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတတ်တာ။

ညသန်းခေါင်လောက်နိုးရင် ဗိုက်ဆာတတ်တာ။

မနက်နိုးနေသည့်တိုင် ကလေးငယ်ကမထသေးဘဲ သူ့ကိုယ်ပေါ်တက်အိပ်တတ်တာ။

သူစာဖတ် စာရေးနေလျှင် သူ့ရှေ့မှာထိုင်ကာ သူဖတ်သမျှရေးသမျှကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေတတ်တာ။

ကဲကြည့် ဒီကလေးငယ်ကိုမှမချစ်ရင်ဘယ်သူ့ကိုသွားချစ်ရပါတော့မလဲ။

ကလေးငယ်က ဘယ်သူ့ဆီကမှအချစ်မခံခဲ့ရတော့
သူ့အားတော်တော်လေးတွယ်တာနေလေပြီ။

တစ်ခါတလေ သူထျန်းရှနဲ့စကားပြောနေတာ နည်းနည်းကြာသွားပြီး သူ့ကိုစကားမပြောမိရင်
ခမည်းတော်ကသားကိုမလိုချင်တော့ဘူးလား ဆိုပြီးမေးတတ်သေးတာ။

သူ့အား အမွှေးတိုင်တစ်တိုင်စာကုန်လောက်တဲ့ အချိန်အထိ မတွေ့ရဘူးဆိုရင် အသံတိတ်ငိုတတ်သေးသည့် ကလေးငယ်ကို ရှဲ့စစ်ရန်အချစ်ပိုရပါသည်။

ဒီကလေးရဲ့စိတ်ဒဏ်ရာက နည်းနည်းနောနောမှမဟုတ်ဘဲ

သူဖြည်းဖြည်းချင်းကုစားလို့တော့ရနိုင်ကောင်းပါရဲ့။

တွေးနေရင်းPoohပြောတဲ့စကားကိုပြန်သတိရလိုက်တော့ ဝမ်းနည်းသွားရသည်။

ဒီချစ်ဖို့ကောင်းတဲ့ ကလေးလေးက ပုံရိပ်ယောင်တဲ့လား။

ဒါပေမဲ့ သူသံယောဇဉ်တော်တော်လေးတွယ်နေမိပြီထင်။

Rebounding System(OC)Où les histoires vivent. Découvrez maintenant