Arc 3.1

10.9K 1.1K 30
                                    

{Zawgyi}

Edenအသိဝင်လာသော်လည်း မျက်လုံးကိုဖွင့်မရ....

ခေါင်းအနည်းငယ်မူးသလိုရှိသောကြောင့် ခေတ္တငြိမ်နေလိုက်သည်.....

ထိုစဉ်poohရဲ့သတိပေးသံနှင့်အတူ ခေါင်းထဲစုပြုံဝင်လာတဲ့ အချက်လက်တွေ....

မျက်လုံးမဖွင့်သေးပါပဲနဲ့ ထိုအချက်အလက်တို့ကိုသာဖတ်ရန် ပြင်လိုက်သည်.....

အင်း...သူခုလှဲနေတဲ့နေရာက သက်တောင့်သက်သာမရှိပေမဲ့ပေါ့။

ဒီကမ္ဘာက ရှေးအရမ်းကျတယ်ဆိုရမလား.....

ဘုရင်နဲ့ နိုင်ငံ တိုင်းပြည်တွေဆိုတာ မရှိသေး.....

မျိုးနွယ်စုတွေသာအသီးသီးရှိကြသည်...

ထိုမျိုးနွယ်စုထဲကမှ ကွဲထွက်သွားတဲ့မျိုးရိုးစုတွေကတော့အများသားပေါ့...

တစ်နည်း မျိုးနွယ်စုကြီးက လောလောဆယ် ၃ခုရှိပြီး မျိုးနွယ်စုတစ်ခုစီတိုင်းမှ မျိုးရိုးစုပေါင်း၃၀နီးပါးရှိတယ်
မျိုးရိုးစုတစ်ခုစီတိုင်းမှာ လူပေါင်း ၇၀ခန့်လောက်ရှိတယ်.....

မျိုးနွယ်စုကြီးတွေက

ရှာရီမျိုးနွယ်စု
ဆူဟက် မျိုးနွယ်စု
အာဂိုမျိုးနွယ်စု

နောက်ပြီး လွန်ခဲ့တဲ့ နှစ်တော်တော်များများလောက်ထဲကပျောက်ဆုံးသွားတဲ့ မိုယာ မျိုးနွယ်စု....

ဒီကမ္ဘာရဲ့ဇာတ်လိုက်က....အင်အားအကြီးဆုံး ရှာရီမျိုးနွယ်စုမှ အကြီးအကဲ မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သူ မျိုးရိုးအမြင့်ဆုံး ထယ် မျိုးရိုး နှင့်နာမည်က မိုရု.....

Edenအခုရောက်နေသည့် ခန္ဓာကိုယ်က အာရာ ဆိုသော ဇာတ်လိုက်နှင့် စေ့စပ်ကြောင်းလမ်းခြင်းခံထားရသည့် ကောင်လေး၏ခန္ဓာကိုယ်.....

အာရာ ကရှာရီမျိုးနွယ်စု၏အရင်ခေါင်းဆောင်ဟောင်း၏ သားဖြစ်သူ.....

အရင်ခေါင်းဆောင်ဟောင်းနှင့်ဇနီးက ဆူဟက်မျိုးနွယ်နှင့်ပဋိပက္ခဖြစ်ပြီး အင်အားချင်းပြိုင်ရာ စစ်တိုက်ရာပေါ့ စစ်ပွဲမှာ အသက်ပေးလိုက်ရခြင်း....

အာရာရဲ့ မိဘတွေသေတဲ့အချိန်တွင် အာရာက ၅နှစ်သားသာသာဖြစ်သည့်အတွက် မျိုးနွယ်စုအတွက် ဒုတိယခေါင်းဆောင်က ခေါင်းဆောင်နေရာယူကာ ဆူဟက်မျိုးနွယ်နှင့်ပြသနာကို ပြေလည်အောင်ဖြေရှင်းကာ ငြိမ်းချမ်းရေးယူပေးခဲ့သည်.....

Rebounding System(OC)Where stories live. Discover now