Arc 9.6

802 130 29
                                    

{Zawgyi}

"Zira! "

စခန်းထဲ ဝင်ဝင်ချင်းပင် သူ့ထံအပြေးလာတဲ့ ဇာတ်လိုက်မမှာ မျက်ဝန်းထဲတွင်စိုးရိမ်ပူပန်မှုအပြည့်။

"ရှင် အဆင်ပြေရဲ့လား....စခန်းတစ်ခုလုံး ရှင်တို့ကိုစိတ်ပူနေကြတာ သတ်မှတ်ရက်ထက်ကြာနေလို့"

"ပြေတယ်.....ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကို လာကူပြီးချခိုင်းလိုက် "

Ziraမှာ ထိုတစ်ခွန်းထဲသာ ဆိုပြီး ဘေးရှိ သူ့ကလေးငယ်အား တစ်နေရာဆီသို့ ဆွဲခေါ်သွားလေသည်။

Lilithကတော့ မထူးဆန်းသလို ခေါင်းတခါခါဖြင့်သာ လုပ်လို့နေသည်။

သူမသည် Ziraအဖေနှင့်တစ်ဖွဲ့တည်းသားခြင်းဖြစ်သော်လည်း သိပ္ပံပညာရှင်အနေနဲ့တော့ အသက်အငယ်ဆုံးဖြစ်ပေရာ Ziraနှင့်သူငယ်ချင်းလို ဖြစ်နေခဲ့သည်။

ဆိုတော့ကာမှ ဟုတ်သားပဲ ဖြေဆေးဖော်စပ်မှုက နည်းနည်းတိုးတက်လာပြီဆိုတာ Ziraကိုသွားပြောရမယ်။

Hanzoraအား အခန်းထဲသို့ဆွဲခေါ်သွားမည့်အစား စခန်း၏ ဟောပြောပွဲပြုလုပ်ရာ စင်ပေါ်သို့ ဆွဲခေါ်သွားခြင်းကြောင့် စခန်းရှိလူတို့မှာ Ziraရှေ့သို့ စုဝေးလာကြသည်။

"မိတ်ဆက်ပေးစရာလူရှိလို့...."

သူတို့၏ခေါင်းဆောင်မှာ တော်ရုံတန်ရုံနှင့် ထိုစင်ပေါ်တက်လေ့မရှိသဖြင့် ယခုပြောမည့်ကိစ္စမှာ သာမန်ပေါ့တန်တန်ကိစ္စမဟုတ်လောက်။

"ဒါ....လွတ်မြောက်နယ်မြေ(၁)က တိုက်ခိုက်ရေးသမား Hanzora....သူကအခုကစပြီး ဒီစခန်းမှာအခြေချမယ့် ငါ့လူပဲ! Hanzoraက အခုချိန်ကစပြီး လွတ်မြောက်နယ်မြေ(၃)ရဲ့ အဖွဲ့သားဖြစ်သွားပြီ"

Ziraစကားသံအဆုံးတွင် အပ်ကျသံမကြားလောက်အောင် တိတ်ကျသွားသော လူစုကြီးသည်ကား အံ့အားတကြီးပင် စင်ပေါ်က လူနှစ်ယောက်အား ကြည့်လို့နေသည်။

Hanzoraမှာလည်း ထိုနည်းလည်းကောင်းပင်...။

ဒီလူ..ငါဘယ်သူလဲ အတိအကျသိနေပါလျက်နဲ့...ဘာကြောင့်များ....

"နယ်မြေ(၁)! အဲ့တာက ဘယ်လိုနယ်မြေလဲဆိုတာ ဒီမှာရှိတဲ့လူတိုင်း သိတယ်! ဖြေဆေးဖော်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ဆုပ်စရာလုပ်ရပ်တွေကို လုပ်နေကြတာ...သူကရော ဒီစခန်းရောက်လာတာ အကြံနဲ့မဟုတ်ဘူးလို့ ပြောနိုင်လို့လား!! "

Rebounding System(OC)Where stories live. Discover now