Arc 2.24(Final)

11.3K 1.2K 132
                                    

{Zawgyi}

မနက်ခင်းလေးက တခြားနေ့တွေထက်ပိုပြီးပြည့်စုံနေသယောင်။

ကုတင်ပေါ်က ကလေးငယ်ကတော့ မနိုးသေးဘဲ အိပ်မောကျနေလျက်။

ညက ကလေးငယ် ပင်ပန်းထားတာပဲ.......

ရှဲ့စစ်ရန် ကလေးငယ်အား နဖူးသို့ငုံနမ်းလိုက်ရင်း ဆံစတို့ကို နားနောက်သို့သပ်ပေးလိုက်သည်။

ဒီကလေးငယ်က သူ့အပိုင်ဖြစ်ခဲ့ပြီပဲ.....

ရှဲ့စစ်ရန် ကလေးငယ်နိုးလာလျှင် နုံးချိနေမည်စိုးသောကြောင့် ကိုယ်လက်သန့်စင်ပေးရန် ရေချိုးဆောင်သို့ ပွေ့ကာခေါ်သွားလိုက်သည်။

အာ...ကလေးငယ်က အရမ်းထွားလာတာပဲ...

သူတောင်သိပ်မနိုင်ချင်ဘူး......

မနက်လင်းသည်အထိ အဆောင်ထဲတွင် သူတို့နှစ်ယောက်က လွဲပြီး တစ်ယောက်မှရှိမနေ။

ကြည့်ရတာ ကလေးလေးက ဘယ်လောက်ထိ စီစဉ်ခဲ့တာပါလိမ့်....

နိုးလာရင် သူဖြစ်ချင်တဲ့အတိုင်းမဖြစ်လို့ စိတ်ဆိုးနေဦးမလားပဲ.....

ရှဲ့စစ်ရန်ညက အဖြစ်ပျက်နှင့်ပက်သက်ပြီး ရီရမလို ငိုရမလိုပင်။

ကဲပါ ထားလိုက်ပါ.....

ရှဲ့စစ်ရန် ကလေးငယ်အား ရေချိုးဆောင်ထဲတွင် တစ်ကိုယ်လုံးကို ရေပတ်သေချာတိုက်ပေးကာ သန့်စင်ပေးပြီးတော့  အတွင်းဝတ်လဲပေးလိုက်သည်။

အားလုံးပြီးစီးသည်အထိ မျက်ခုံးတစ်ချက်မတွန့်.....အိပ်ပျော်နေတဲ့သူ့ကလေးငယ်က တော်တော်ပင်ပန်းနေဟန်။

ရှဲ့စစ်ရန်ကိုယ်တိုင်ကလည်း ညက တစ်ခါပဲဆိုသည့်တိုင် ကလေးငယ်တောင်းဆိုလာတော့ စိတ်မထိန်းမိဘဲဆက်မိသည်မှာ ကလေးငယ်မောပြီးအိပ်ပျော်သွားကာမှရပ်မိသည်မဟုတ်ပါလား.....

အာ...ကလေးငယ်ကို ဘယ်လိုပြန်ချော့ရပါ့....

ရှဲ့စစ်ရန် ကိုယ်တိုင်ရေချိုးပြီးသည်အထိ ထားခဲ့သည့်နေရာတွင် အိပ်နေဆဲကလေးငယ်က...တုတ်တုတ်တောင်မလှုပ်။

ကလေးငယ်အား အဆောင်ထဲလာရာလမ်းအတိုင်း ပြန်ပွေ့ခေါ်လာပြီး
နားနေဆောင်ထဲခဏ သိပ်ထားခဲ့လိုက်သည်။

Rebounding System(OC)Where stories live. Discover now