Arc 8.10

1.9K 293 75
                                    

{Zawgyi}

ဖြူစွတ်စွတ်အဝတ်စားတို့ကို ဝတ်ဆင်လျက် ဆံထုံးအားသေသပ်စွာထုံးဖွဲ့နေသော သူသည် ကြေးမုံထဲမှ ခပ်ဝါးဝါးပုံရိပ်အား သဘောတကျကြည့်ပြီးသည်နှင့် အဆုံးသတ်အနေဖြင့် အပြာနုနုအပေါ်ရုံအား ဝတ်ဆင်လိုက်လေသည်။

'Ki.....'

ဆက်သွယ်လို့ရလိုရငြား ခေါ်ကြည့်သော်လည်း ဖြေသူကင်းမဲ့နေသည့်အနေအထားသည် ခက်လွန်းအသင်္ယာအား မျက်မှောင်တို့ကိုစုကျုံ့စေပါသည်။

ပထမတစ်ခါ ပြာပြာသလဲလိုင်းoutသွားထဲက ပြန်ကိုပေါ်မလာတော့သောကြောင့် ခက်လွန်းအသင်္ယာခမျာ မေးချင်သည့်မေးခွန်းအား ပြန်မြိုချထားသည်။

အတွေးလွန်နေသည့်သူ့အား သတိပြန်ဝင်စေသူသည် နောက်ကျောဖက်မှ သိုင်းဖက်လိုက်သော အကြင်သူသာဖြစ်သည်။

"အမောင်...."

"အမောင့်လွန်းငယ်က...ဒီဝတ်စုံနဲ့ကြည့်ကောင်းနေပါကောလား"

နော်ခွန်းရွယ်ကိုယ်ပေါ်မှာလည်း ခက်လွန်းအသင်္ယာနှင့် တထေရာထဲတူပါသော ဝတ်စုံကနေရာယူထားသည့်အတွက် ဘယ်ရှုထောင့်ကနေရှုစေကာမူ သူတို့နှစ်ယောက်မှာ အလွန်ကိုမှပနံသင့်လှသည်။

သူတို့အခုသွားမှာက အိမ်ရှေ့မင်းသားရဲ့မွေးနေ့ပွဲလား၊ သူတို့ရဲ့မင်္ဂလာဆောင်လား ဆိုတာဝေခွဲ၍မရပါချေ။

သိုင်းဖက်ထားသည့်အနေအထားမှ ချစ်ရသူ၏ မျက်နှာအား မြင်ရစေရန်အလို့ငှာ မျက်နှာချင်းဆိုင်အနေထားသို့ပြောင်းလေတော့ တစ်စုံတစ်ခုအား အလိုမကျဖြစ်နေဟန်ပေါ်သည့် ထိုလူသား၏မျက်နှာလေးအား နော်ခွန်းရွယ် အသေအချာကိုအကဲခတ်မိလိုက်သည်။

"လွန်းငယ်...အဘယ်ကိုအတွေးပျံ့နေလေစ"

"အကျွန်....အကျွန်စိတ်လေးနေတယ် အမောင်"

တန်ချိန်ကုဋေကုဍာပိနေသည့်အတိုင်း လေးလံနေသည့်စိတ်တို့က ထိုမွေးနေ့ပွဲအားမသွားဖို့တားနေသယောင်ယောင်ပင်။

ခက်လွန်းအသင်္ယာ၏ စိုးရိမ်တကြီးအပြောအား နော်ခွန်းရွယ်မှာ ခပ်ရေးရေးအပြုံးနုနုလေးဖြင့် ပြန်ဖြေလေသည်။

Rebounding System(OC)Where stories live. Discover now