Step to the original life 🌍

2.8K 338 50
                                    

{Zawgyi}

Mineတို့ ခရီးသွားပြီး ပြန်ရောက်လာသည့်အချိန်တွင် ဦးဆုံးကြားရသည့်သတင်းက Thorisနှင့် Jadeတို့ လက်ထပ်လိုက်ကြပြီဆိုသောသတင်းပင်...။

နေပါဦး သူတို့ခရီးထွက်သွားတာ ၃လပဲရှိသေးတယ်လေ...။

ဒီအတောအတွင်း အေးအေးဆေးဆေးလည်ချင်လို့ အဆက်သွယ်ဖြတ်ထားခဲ့သည့် အကျိုးက Mineအား ထိုမျှလောက် အံ့အားသင့်စေလိမ့်မည်ဟု မထင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ်ပါလေ....Thorisအတွက်ကော Jadeအတွက်ပါ Right personကိုရှာတွေ့သွားသည့်အတွက် Mineသူတို့အတွက် ဝမ်းသာပါသည်လေ..။

Thorisတို့အတွဲသည် နှစ်နှစ်အကြာတွင်  သားတစ်ယောက်ထွန်းကားလေသည်။

ထိုကလေးကပဲ အသက်ကြီးလာသည့်အခါ လုပ်ငန်းစုနှစ်စု၏ ဆက်ခံသူဖြစ်လာတော့သည်။

Mineနှင့်Cell Remတို့ကတော့ အသက်ရလာသည်နှင့် အေးချမ်းသည့်နေရာတစ်ခုတွင် အခြေချကာ ဘဝနေဝင်ချိန်ကို အတူကုန်ဆုံးလေသည်။

[Host....သတိရပြီလား....]

spaceထဲမှ Kiရဲ့အသံရေးရေးကိုစကြားရပြီးသည့်နောက်တွင် Zenက သတိပြန်ရလာလေသည်။

ပေါ့ပါးနေသည့် ခန္ဓာကိုယ်နှင့်စိတ်အစုံက နောက်ထပ်ကမ္ဘာကိုသွားရန်အသင့်ဖြစ်ကြောင်း သက်သေပြနေသည်။

[ဒီကမ္ဘာမှာ Missionအားလုံး Completeဖြစ်ခဲ့ပါတယ်Host....]

"အင်း လုပ်စရာရှိတာမြန်မြန်လုပ်ပြီး နောက်ကမ္ဘာကိုသွားရအောင်..."

စိတ်စောနေသည့်ပုံဖြင့် Zenက Kiကိုအတင်းတိုက်တွန်းသည်။

[Host...ပြောစရာရှိပါတယ်..သေချာနားထောင်ပါ...]

Kiအားယူသည့်အနေဖြင့် လေကိုအားပြင်းပြင်းဖြင့်ရှူသွင်းလိုက်ကာ ပြောစရာရှိတာသာပြောရန် ပြင်လိုက်သည်။

[နောက်ကမ္ဘာကနေစပြီး pointစနစ်ကိုဖြုတ်ချလိုက်ပါပြီ....

Hostရှာထားတဲ့pointတွေက သတ်မှတ်ချက်ထိပြည့်သွားပြီဖြစ်လို့ သော့ဖြစ်သွားပါပြီ...

နောက်ကမ္ဘာကနေစပြီး Mission completeဖြစ်တိုင်း spaceကိုပြန်ရောက်ရင် Hostရဲ့မှတ်ဉာဏ်တစ်ပိုင်းနဲ့ မူလအစွမ်းအနည်းငယ်စီ ပြန်ရပါလိမ့်မယ်....]

Rebounding System(OC)Där berättelser lever. Upptäck nu