Arc 3.11(final)+*system space*

8K 1K 132
                                    

Pooh ဘေးကတချိန်လုံးရပ်ကြည့်နေတာ ဝင်မတားမိအောင် ကိုယ့်ကိုကိုယ်ထိန်းနေရသည်။

ကောင်းကင်အရှင်ရဲ့အမိန့်ဆိုတော့လည်း....

နောက်ဆုံးတွင်တော့သူ သည်းမခံနိုင်တော့.... မိုရုလက်ထဲဆာယာလက်နက်ထည့်ပေးလိုက်သည့်အချိန်တွင် ဝင်ဆွဲရန်ဟန်ပြင်လေသည်။

သို့သော် Poohကိုတားလိုက်သည်က အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လက်တစ်ဖက်...

ဘေးလှည့်ကြည့်လိုက်တော့
ကောင်းကင်အရှင်???

ဒီကိုဘယ်လိုလုပ်??

"အာ ကိုယ်တော့်အမိန့်ကို လွန်ဆန်ချင်နေပြီပေါ့....."

"မဟုတ်ပါဘူး အရှင်....ကျွန်တော် အသိတစ်ချက်လွတ်သွားလို့ပါ......"

"ဒါစမ်းသပ်ချက်လည်းဖြစ်သလို အပြစ်ပေးတာလည်းဖြစ်တယ်လို့ မင်းကိုပြောခဲ့တယ်မလား Ki...."

"ခွင့်လွှတ်ပေးပါ..."

"တော်ပြီ....ဆက်ကြည့်ရအောင်...."

သို့နှင့် ကောင်းကင်အရှင် စစ်သူကြီးNoii Poohတစ်ဖြစ်လဲKi တို့သုံးယောက်က ထိုနေရာအနားတွင်သာ ရပ်ကြည့်နေလျက်....

ဒီကမ္ဘာကိုကောင်းကင်အရှင်ကိုယ်တိုင်ဖန်ဆင်းထားသည်မို့ အပြစ်ဒဏ်ခံနေရသူက ဆုံးဖြတ်ချက်တစ်ချက်လေးမှားသည်နှင့် ရှိသမျှဝိဉာဉ်အပိုင်းအစဖျက်ဆီးခံရမည်ဖြစ်သည်။...

ဒီလိုရွေးချယ်မှုမျိုးမှာ နှိုင်းခတ်လင်း...ကောင်လေး မင်းဘာရွေးမလဲငါသိချင်ပါသေးရဲ့.....

ဒီအပြစ်ဒဏ်က မင်း Zenအပေါ်လုပ်ခဲ့တာနဲ့ယှဉ်ရင် ပေါ့သေးတယ်ပြောရမှာပေါ့.....

အနည်းဆုံးတော့ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုရန်သူတစ်ယောက်လိုမြင်ပြီး တခြားသူအတွက်အသက်ပေးကာကွယ်နေတာကို မြင်ရတာဘယ်လောက်နာကျင်လဲဆိုတာ မင်းသိလောက်ပြီထင်တယ်ကောင်လေး.....

မင်းZenအပေါ် ဒီအတိုင်းလုပ်ခဲ့တုန်းကလည်း သူမင်းထက်ပိုခံစားခဲ့ရတာ......

စိတ်မပူနဲ့ ဒီလိုခံစားချက်မျိုးကို ငါမင်းမမေ့အောင်တစ်ခါထဲရိုက်သွင်းပေးမယ်.....

Rebounding System(OC)Where stories live. Discover now