Arc 5.6

5.7K 952 42
                                    

{Zawgyi}

ရှားသွဲ့ သူ့ကိုယ်ပေါ်ကကောင်လေးကို ကြောင်ကြည့်နေမိသည်....

သူကဘယ်သူလဲ....
ဘယ်ကရောက်လာတာလဲ?...

ထိုကောင်လေးကလည်းအလားတူပင် ရှားသွဲ့အားမျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်စိုက်ကြည့်နေလေသည်..

ထိုကောင်လေးက ရှားသွဲ့အပေါ်မှထပေးဖို့ စိတ်ကူးရှိပါလေစ.....

"ဖယ်စမ်း...."

"မြှောင်....."

ထိုကောင်လေး၏နှုတ်မှ ကြောင်အော်သံထွက်လာသောကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ရှားသွဲ့ ပြန်ငြိမ်သွားသည်..

"ကုကု?...."

ရှားသွဲ့ ထိုကောင်လေးကိုသေချာကြည့်မှပင် ကြောင်နားရွက်ပုံစံလေးနဲ့ အမြီးးးးးးး

နေစမ်းပါဦး....ဘယ်လိုလုပ် ကိုယ်လုံးတီးကြီးတုန်း...

အနည်းဆုံးလူပုံပြောင်းရင်တောင်အဝတ်တော့ပါသင့်တာပေါ့....

ရှားသွဲ့ထိုကြောင်တစ်ပိုင်းကောင်လေးအား ဂျိုင်းမှချီထိုင်စေကာ...
သူ့အပေါ်ဝတ်ရုံကိုချွတ်ပြီး ခန္ဓာကိုယ်ကိုပတ်ခြုံပေးလိုက်သည်....

ထို့နောက် အင်္ကျီထဲနစ်နေသော ကြောင်တစ်ပိုင်းသားရဲလေးအား ပွေ့ချီကာ ရေသန့်စင်ပေးရန်ခေါ်ဆောင်သွားတော့သည်....

ဘာဖြစ်လို့ စောစောစီးစီးလူပုံပြောင်းလဲမသိပေမဲ့...

ထိုသားရဲလေးရဲ့ အခုလိုပုံစံကို တခြားမိစ္ဆာတွေမြင်လို့မဖြစ်ဘူး....

ဟမ်းးအရင်ကတော့ ကြောင်မို့လိုကြောင်ထိန်းရတယ်...

အခုတော့ ကလေးထိန်းရတော့မယ်....

အရှင်ရေ...ကျွန်တော့်ကိုမသနားတော့ဘူးလား...

ရှားသွဲ့ စိတ်အတွင်း၌ ငိုချင်းချနေတုန်း လက်ထဲက ကောင်လေးက လူးလိမ့်ကာရုန်းလေသည်...

"ဖယ်...ဖယ်....ရေမချိုးဘူး....."

"မင်း..စကားပြောတတ်တယ်?"

"ပြောတတ်တာပေါ့....ဖယ်....ကျွန်တော့်ကိုလွှတ်.....သခင်ရေ....ကျွန်တော်ဒီလူကြီးနဲ့မနေချင်ဘူး...ကျွန်တော့်ကိုအနိုင်ကျင့်နေပါတယ်လို့...."

Rebounding System(OC)Where stories live. Discover now