Arc 9.7

858 122 19
                                    

{Zawgyi}

ချစ်ပါ၏....။

မြတ်နိုးပါ၏....။

နှစ်ယောက်မရှိနိုင်တဲ့ လူသားလေးမို့ အဆုံးရှုံးမခံနိုင်သည်မှာ ယခုအခါမှမဟုတ်.။

ကိုယ့်ကိုသတ်မည့်သူနှင့် တစ်ခန်းထဲတွင်မက တစ်ကုတင်ထဲအိပ်ရဲသူမှာ Ziraတစ်ယောက်သာရှိပေလိမ့်မည်။

"ဘာလိုချင်တာလဲ ခင်ဗျား! "

ထိုမေးခွန်းကိုမေးနေသည်မှာ တစ်ညထဲတင် ၁၃ခေါက်ရှိနေပြီဖြစ်ရာ Ziraသည်လည်းပဲ ၁၃ကြိမ်မြောက်သက်ပြင်းကိုချရသည်။

Hanကတော့ဖြင့် သူ့အားနောက်ကျောပါးမှ သိုင်းဖက်ထားသည့် ထိုလူကြီးအား စိတ်ရှုပ်သလို လည်စောင်းကြည့်သည်။

ဖက်ထားသည်အား မရုန်းရကောလားဟု မေးစရာရှိသည်တွင် ထိုလူကြီးက သူ့အားရိုးရိုးဖက်ထားခြင်းမှ မဟုတ်ပဲကိုး...။

သူ့အစွမ်းဖြစ်တဲ့ မိုးကြိုးအချုပ်အနှောင်လိုဖြင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ချုပ်ထားသည်လေ....။

အခုထက်ထိ နမ်းတာထက်ပိုပြီး အခွင့်ရေးမယူသေးတာကိုပဲ Hanမှာကျေးဇူးပြန်တင်ရမလိုလို။

"Han...."

ပိုမိုတင်းကြပ်လာသော ဖက်တွယ်မှုကြောင့် Zira၏ရင်ခွင်ထဲ လုံးလုံးလျားလျားနစ်ဝင်သွားသည်မှာ အရုပ်ကလေးအလား။

"သေမလိုလာဖက်နေတာလား ငါ-ိုးမသားရဲ့..! လွှတ်ပေး. အခုလွှတ်ခင်ဗျား "

လည်တိုင်သို့ ထိကပ်လာသော နူးနူးညံ့ညံ့အရာသည်ကား ထိုလူကြီး၏ ရမ်းကားတတ်သော နှုတ်ခမ်းတို့ဖြစ်လေရာ Hanမှာ ရင်တွေပင်တလှပ်လှပ်ခုန်လာတော့သည်။

သူ့ကား တစ်ခါမှထိုသို့ဆက်ဆံခဲ့ဖူးသူ မရှိလို့လည်းဖြစ်နိုင်သလို...Zira၏အပြုအမူတို့သည် နူးညံ့နေလို့လည်း ဖြစ်နိုင်ပေသည်။

အပြုအမူသေးသေးလေးကအစ မြတ်နိုးမှုတွေပြည့်လျှံနေသည်ဟု ခံစားမိလာသောHanမှာ ခေါင်းတွင်တွင်ခါကာသာ မဟုတ်တမ်းတရားအတွေးတို့ကို မောင်းထုတ်ပစ်သည်။

ဒါတွေဟာ သူ့ဆီက တစ်ခုခုလိုချင်တာရှိလို့ ဖြစ်မည်...။ မဟုတ်ရင်လည်း ထိုလူသည် ဟိုလူယုတ်မာRhythmလို သူ့ကိုစမ်းသပ်ပစ္စည်းလိုသဘောထားဖို့ ရည်ရွယ်တာဖြစ်ရမည်။

Rebounding System(OC)Where stories live. Discover now