{Zawgyi}
[Host!!!ကမ္ဘာရဲ့သားတော်နဲ့သမီးတော်တွေကိုသတ်လို့မရပါဘူး အပြစ်ဒဏ်ခံရပါလိမ့်မယ်]
တွေးနေတဲ့အတွေးပင်မဆုံးသေးအသံပြဲကြီးနှင့်ထအော်သော Poohကြောင့်အတွေးပင်မဖြောင့်တော့။
'ငါသိတယ် ငါသိပြီဟုတ်ပြီလား ငါကိုယ်တိုင်မသတ်ရင်ပြီးရောပဲလေ မစိုးရိမ်နဲ့ ငါမသတ်ဘဲသေရင်ပြီးပြီကို'
[TvT]
"အရှင့်သား ဘာဖြစ်လို့လဲဟင် လီလီ ကအရှင့်သားကိုစိတ်ကျေနပ်မှုအပြည့်ဝပေးနိုင်ပါတယ် ဟင်း ဟင်း"
Poohနဲ့စကားများနေတုန်း ဘေးမှညုတုတုအသံနှင့် ရုံးပတီသီးတစ်ပိသာစားထားသောအသံဖြင့်ပြောနေသော မိန်းမ၏ လက်များက ရှဲ့စစ်ရန်ခန္ဓာကိုယ်အပေါ်ပိုင်း သို့ပွတ်သီးပွတ်သပ်လုပ်နေလေသောကြောင့် အော်ဂလီဆန်လာရသည်။
"ဖယ်စမ်း....."
လေသံမာမာနှင့်ပိတ်ဟောက်လိုက်တော့ အံ့သြသလိုမျက်လုံးလေးနှင့်ကြည့်လာပြီး တမုဟုတ်ချင်းပင် ဟာသနှောသောအကြည့်သို့ပြောင်းလိုက်ကာ
"အရှင့်သားစိတ်တိုင်းကျတဲ့အထိ လီလီ ပြုစုမှာပေါ့ အရှင့်သားက ဟိုအမျိုးယုတ်ကလေးလေးကို တွေးမိလို့စိတ်နောက်ကျိသွားတယ်နဲ့တူပါတယ် ဟင်း~~~လီလီနဲ့ရှိနေရင်ပျော်စရာတွေပဲဖန်တီးရအောင်လေ အဲ့ဟာလေးကိုမေ့ထားလိုက်"
ပြုံးထားသောမျက်နှာထားနဲ့မှမလိုက် နှုတ်ထွက်စကားလုံးတွေကအကျည်းတန်လိုက်တာ။
တဆိတ် သူပြောတဲ့ အမျိုးယုတ်ကလေးဆိုတာက ရှဲ့ရန်ခန်းလား???
နေပါဦး ငါအခုရောက်နေတဲ့အချိန်ဘယ်လောက်နှောင်းနေပြီလဲ????[အခုHostရောက်နေတဲ့အချိန်က ရှဲ့ရန်ခန်းကို မူလ ရှဲ့စစ်ရန်က နှိပ်စက်တာ လက်လွန်သွားတဲ့အချိန်ပါ ခုကနေစ မူလဇာတ်ကြောင်းအတိုင်းဆို ရှဲ့ရန်ခန်းက တပတ်အတွင်းသေဆုံးမှာပါhost]
'What!!!!ဒီလောက်စောစောပို့ပေးလို့ကျေးဇူးပဲသိလား အထက်ကဟာတွေလဲအကုန် ထိုင်ကန်တော့ပါရစေ ဆဲချင်လို့.......fuck!!'
နေဦး ဒါဆို ခန်းအော် အဲ့ကလေးကို မူလ ရှဲ့စစ်ရန်က ဒီနေ့မနက်တင် သူ့အဝတ်ပေါ် ရေနွေးဖိတ်လို့ ကြိမ်အချက် ၁၀၀ကိုယ်တိုင်ရိုက်ပြီး အခုနောက်က ဥယျာဉ်ထဲမှာဒူးထောက်ခိုင်းထားတဲ့အချိန်ပေါ့????
YOU ARE READING
Rebounding System(OC)
Romance(Myanmar*system fic) When MC and the Final Boss was the same person...... What about the boy who gave his soul to save the Final boss? What do you think whether villain could love someone or not? This is { own creation } ❌❌NOT TRANSLATION❌❌