Arc 9.2

872 135 15
                                    

{Zawgyi}

ကုသရေးအဖွဲ့၏ခေါင်းဆောင်ဖြစ်သော Lilith၏ ဦးခေါင်းအားအပြင်းအထန် ထိခိုက်မှုကြောင့် မှတ်ဉာဏ်ချို့ယွင်းသွားသည် ဆိုသည့် စမ်းသပ်ချက်အဖြေ နောက်တွင် Ziraမှာ သူ့ကလေးငယ်အား မည်သို့မည်ပုံ လုပ်ပေးရမလဲ မသိတော့ပါချေ။

အခုမှတွေ့ခါစကို သူ့ကလေးငယ်က ဘယ်လိုဖြစ်ပြီး....။

ကုတင်ပေါ်ငုတ်တုပ်ကလေးထိုင်နေသည့် ကောင်လေးကတော့ဖြင့် Zira၏ အင်္ကျီပွပွကြီးထဲတွင် နစ်မြုပ်နေလေသည်။

"ချီ...."

ကုတင်ပေါ်ကနေ တစ်နေရာသွားချင်သည့်အခါတိုင်း Ziraအားချီခိုင်းတတ်သည်မှာ ယခုဆိုလျှငိ အကျင့်ပင်ပါနေချေပြီ။

Lilithမှာတော့ မျက်လုံးခပ်လှုပ်လှုပ်ပင်....သူမတို့ခေါင်းဆောင်က တကယ်ပဲ ဒီကောင်လေးကိုချစ်မိသွားတာလား။

"Zira.....ခင်ဗျား သူနဲ့နီးနီးကပ်ကပ် မနေသင့်ဘူး"

Rogerမှာထိုကောင်လေးနှင့် ပက်သက်ပြီး ခံစားချက်တို့သိပ်မကောင်း....။

သူ့လမ်းအတွက် အတားအဆီးတစ်ခုလို ခံစားနေရသည်...။ အထူးသဖြင့် ထိုကောင်လေးရဲ့ အကြည့်တွေ.....ကျိန်းသေပေါက် အယောင်ဆောင်ထားတာပဲဖြစ်ရမည်။

Ziraမှာတော့ ထိုဇာတ်လိုက်အား စကားမပြောချင်သည်မို့ Lilithအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေသည်။

Ziraတို့စခန်းတွင် တိုက်ခိုက်ရေးအဖွဲ့မှာ အဓိကအားဖြင့် ၃ဖွဲ့ရှိရာ တစ်ဖွဲ့တွင်အဖွဲ့ဝင် ၁၀ယောက်ပါလေသည်။

ထိုအဖွဲ့တွေကပဲ စခန်း၏ လုံခြုံရေးနှင့် ရိက္ခာအတွက် တစ်ပတ်တစ်ခါ သို့တည်းမဟုတ် နှစ်ပတ်တစ်ခါ အနီးစပ်ဆုံးမြို့ထဲသွားကာ အစာသွားရှာရသည်။

သူတို့ စခန်းချရာနေရာမှာ မြို့တစ်ခု၏အပြင်ဖက် တောစပ်တွင်မို့ တစ်ခါတလေတွင်လည်း တောထဲ၌သာ တောကောင်တို့ကို ဖမ်းလေ့ရှိသည်။

ထိုတိုက်ခိုက်ရေးအဖွဲ့အပြင် လက်ရွေးစင်အနေနှင့် စွမ်းအားအမြင့်ဆုံး လူ၅ယောက်ရှိပြီး ထို၅ယောက်မှာ အန္တရာယ်များသော Zombieတို့ကို အများဆုံးရင်ဆိုင်ရသည်။

Rebounding System(OC)Where stories live. Discover now