Arc.1.3

14.9K 1.7K 56
                                    


{Zawgyi}

သင်နေရသောစာတွေခြုံကြည့်လိုက်ရင်တော့ဖြင့် လင်းထွဋ်ဦး အတွက်ပြောစရာစကားတခွန်းသာရှိသည်။

အင်းးပျင်းဖို့ကောင်းလွန်းတယ်........။

စာသင်ချိန်တွေအကုန်ပြီးချိန် နာရီကြည့်လိုက်တော့
၂နာရီအတိ. . .။

'တစ်ယောက်ပြီးတစ်ယောက်သင်နေတာ ဒီအချိန်တောင်ရောက်ပြီ ပျင်းစရာကြီးကွာ'

စိတ်ထဲအော်ဟစ်နေပေမဲ့ အပြင်တွင်ရုပ်သေဖြင့်သာ စာအုပ်တွေအိတ်ထဲထိုးထည့်ပြီး အခန်းပြင်ထွက်ဖို့သာပြင်နေသည်။

အရေးထဲ systemနဲ့ဆက်သွယ်လိုက်တိုင်းerrorတက်နေသည်ဆိုသောကြောင့် စိတ်ပင်နောက်ကျိလာရသည်။

"ဟေ့ ဟေ့ ထွဋ်ဦး "

"ဟမ် အော် အင်း မင်းဘာပြောလိုက်တာလဲ.....?"

အတွေးလွန်နေတဲ့ လင်းထွဋ်ဦး ခမျာ ဇာတ်လိုက်ကိုပင်အဖတ်လုပ်ချင်စိတ်မရှိသောကြောင့်သာမန်ကာလျှံကာပဲမေးလိုက်သော်ငြား ပြာပြာသလဲဖြစ်သွားသည့်ဇာတ်လိုက်ကျော်က စိုးရိမ်စိတ်ဖြင့်မေးလာသည်။

"မင်း နေကောင်းပါတယ်နော် "

ပြောပြောဆိုဆိုဖြင့်ပင် ပိုင်စိုးပိုင်နင်း နှဖူးကိုလာစမ်းသောလက်ကြောင့် မျက်ခုံးအစုံတွန့်သွားရသည်။

"ရတယ် ငါဘာမှမဖြစ်ဘူး မင်းBasketball traineeရှိသေးတယ်မလား?သွားတော့လေ ငါဒီနေ့ဝယ်စရာရှိနေလို့ centerတခုခုသွားမလို့ အပြန်နောက်ကျမယ် ငါ့ကိုစောင့်မနေနဲ့တော့"

စကားတရစပ်ပြောကာ နှဖူးပေါ်ရောက်နေသော မိမိလက်ကိုရှောင်သွားသော လင်းထွဋ်ဦး ကြောင့်စောဒီပါမင်းကြောင်အအဖြစ်နေတုန်း အခန်းပြင်ကိုတစိုက်မတ်မတ်ပင်ထွက်သွားသောသူကြောင့် ပြန်ပြောချိန်တောင်မရလိုက် ထိုနေရာတွင်ပင်ငုတ်တုတ်။

ကျောင်းလမ်းတစ်လျှောက်တွင်တော့ သတ်တော့ဖြတ်တော့မည့် အရိပ်အယောင်အပြည့်ဖြင့် လမ်းလျှောက်နေသော လင်းထွဋ်ဦးကြောင့် ဘေးကဖြတ်သွားသောသူတို့မှာလည်း မျက်နှာချောချောကိုငမ်းချင်သော်လည်း မငမ်းရဲ မကြည့်ဘဲလဲမနေနိုင် ငမ်းရကောင်းကောင်း မငမ်းရကောင်းမလား ဆိုသောအတွေးဖြင့်သာပြည့်လျက် ဆန့်ငင်ဆန့်ငင်ဖြင့်သာ ငမ်းနေကြလေရဲ့။

Rebounding System(OC)Where stories live. Discover now