Answers🍀

2.1K 181 96
                                    

{Zawgyi}

ပထမဆုံးပြောချင်တာက မေးထားတဲ့မေးခွန်းတွေထဲမှာ တော်တော်များများကိုဖြေရမှာတွေက spoilerတွေဖြစ်နေတယ် ဒါကြောင့် Characterတွေရဲ့ အဖြေကို ကန့်သတ်ထားပါတယ်:3

ဒီအတွက် စိတ်ပျက်စေမိရင် ကြိုတောင်းပန်ပါရစေ..။

ကဲ တစ်ယောက်ချင်းစီရဲ့မေးခွန်းကို mentionခေါ်ပြီးစဖြေပေးပါ့မယ်ဗျ ဒီအပိုင်းရဲ့cmtမှာ စကားလာပြောရင်လည်း Characterတွေအနေနဲ့ပဲ replyပြန်ပါ့မယ် ကျွန်တော့်ကိုမေးတာကလွဲလို့ပေါ့။XD

Satanကိုမေးတာတွေတော်တော်များများပါလို့
Satan teamတွေအတွက်အကြံပေးချင်တာက

Satanရဲ့အဖြေတွေဖတ်ရင် Why not meနဲ့ ရဲရင့်အောင်ရဲ့ Waiting for you လေးနားထောင်ပြီးဖတ်ကြည့်ပါ😗

Have fun!!

Discussion🍀

To XiaoPaing8

ကလေးငယ်(နှိုင်းခတ်လင်း)_ ခင်ဗျားမေးခွန်းအတွက် ကျွန်တော်တိကျတဲ့အဖြေမပေးနိုင်လို့ အရင်တောင်းပန်ပါရစေ။
စာရေးသူက ဖြေခွင့်ပေးထားတဲ့ အတိုင်းအတာထက်ကျော်နေလို့ပါ....
ကျွန်တော်က Zenဆိုတဲ့လူကလွဲရင် ဘယ်သူ့ကိုမှ မကာကွယ်ပေးခဲ့ဖူးပါဘူး...။

To Hazel_7010

Satan_ မင်းအများကြီးတွေးလွန်းနေပြီ...
Zenကိုချစ်မိတဲ့အတွက် နာကျင်ရတယ်လို့ ငါတစ်ခါမှမတွေးဖူးဘူး..။ သူနဲ့ပက်သက်သမျှကိုက ငါ့အတွက်ပျော်စရာဖြစ်နေလို့ ငါဒီလမ်းကိုရွေးခဲ့ရုံ ။
Zenကပျော်နေမှာပါ ငါမရှိဘဲနဲ့တောင်ပေါ့ ။
သူကအစထဲက တခြားတစ်ယောက်နဲ့ ပျော်နေတာလေ ငါသာသူပျော်တာကြည့်ပြီးကျေနပ်တတ်ခဲ့ရင် ဒီလိုအဖြစ်ပျက်နဲ့တောင်ကြုံရမှာမဟုတ်ဘူး...။
တူညီတဲ့ လုပ်ရပ်မျိုးလုပ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလေ ငါက ဒီဇာတ်လမ်းမှာ အပြီးတိုင် နှုတ်ဆက်ခဲ့ပြီးပြီပဲ..။
မင်းလည်း ငါနဲ့တူတယ်လို့ ကိုယ့်ကိုကိုယ်ခံစားရရင် ရပ်ချိန်တန်ရင်ရပ်လိုက်ပါ ။ မရပ်ဘဲဆက်သွားမယ်ဆိုရင်လည်း ငါ့လိုမဖြစ်စေဘဲနဲ့ ချစ်ရတဲ့သူကိုရအောင်ယူပါ။

Rebounding System(OC)Tahanan ng mga kuwento. Tumuklas ngayon