{Zawgyi}
ကောလု အခုတလော စိတ်တွေထွေပြားနေသည်....
အရင်ကလိုမဟုတ်တော့ဘဲ အန်နုကိုပဲစိတ်ထဲရောက်နေသလို စိတ်လဲပူနေမိသည်။
ကျောင်းမှာတွေ့ဖို့ကြိုးစားပေမဲ့လည်း တစ်ပတ်အတွင်းသူလုံးဝအခွင့်ရေးမရပေ.....
ဒီနေ့တော့တွေ့အောင်ရှာပြီး အိမ်ပေါ်ကအသိမပေးပဲဆင်းသွားတဲ့အကြောင်းမေးရမယ်...
စိတ်တို့ညစ်ညူးစွာပင် စာသင်ခန်းထဲဝင်လိုက်တော့ သူ့ခုံဘေး ပြတင်းပေါက်နှင့်ကပ်လျက်တွင် မှောက်အိပ်နေသော ကျောင်းသားတစ်ယောက်...
ဘာလား...ငါထိုင်တဲ့ခုံရဲ့၃ခုံပတ်လည်မှာဘယ်သူမှမထိုင်ရဲတာ သူမသိဘူးလား......
ကောလု ပြသနာရှာဖို့စိတ်မပါတာကြောင့် ထိုကျောင်းသားကိုလျစ်လျုရှုကာ နေရာတွင်သာဝင်ထိုင်လိုက်သည်....
အခန်းတစ်ခုလုံးက တိတ်ဆိတ်နေသည်...
သူတို့က ကောလု ထိုကျောင်းသားကိုဘာလုပ်မလဲဆိုတာစိတ်ဝင်စားနေကြသည်ထင်.....
ခဏကြာတော့ ဟောက်သံယဲ့ယဲ့လေးထွက်လာသည်...
ကောလု တရားခံကိုနှစ်ခါရှာနေစရာမလို....
သူ့ခုံဘေးတွင် သိုးနေအောင်အိပ်နေသော ကျောင်းသားဆီကဖြစ်မှန်းတန်းသိသည်...
စာသင်ခန်းထဲမှာ ဘယ်လိုတောင် ကုလားသေကုလားမောအိပ်နေရတာလဲ.....
ပြတင်းပေါက်ဖက်ကို မျက်နှာမူအိပ်သောကြောင့် ထိုကျောင်းသားမျက်နှာကို ကောလုမမြင်ရ....
အချိန်ကြာလေ ဟောက်သံကပိုပိုကျယ်လာသောကြောင့် ကောလုဒေါသထွက်ထွက်နှင့် ထိုကျောင်းသား၏စာရေးခုံကိုခြေထောက်နှင့်လှမ်းကန်လိုက်သည်....
အတန်းထဲက လူတွေကတော့ သိသိသာသာကိုကောလုတို့ဖက်မျက်နှာမူထားလေသည်...
သူတို့အားလုံးဟာ ထိုအတင့်ရဲသောကျောင်းသားအတွက် စိတ်ထဲကနေအမွှေးတိုင်ထွန်းပေးလိုက်သည်။
စုန့်ရိ ဒီနေ့ကသူ့အတွက် ကျောင်းမှပြေးတဲ့အပြစ်ဒဏ်ကြေတဲ့နေ့...
YOU ARE READING
Rebounding System(OC)
Romance(Myanmar*system fic) When MC and the Final Boss was the same person...... What about the boy who gave his soul to save the Final boss? What do you think whether villain could love someone or not? This is { own creation } ❌❌NOT TRANSLATION❌❌