Arc 6.7

3.8K 594 46
                                    

{Zawgyi}

Chuuya....မင်းသာတကယ်ပဲငါ့ကလေးငယ်ဆိုရင်..

ငါ့အသက်ကိုငါအလောင်းအစားလုပ်တယ်.....

ငါရင်ခုန်မိတဲ့မင်းက ငါ့ကလေးငယ်ဖြစ်ကြောင်း သက်သေပြစမ်းပါ....

တိုက်ပေါ်ကပြုတ်ကျနေတာတောင် သူ့အတွေးနဲ့သူဟုတ်ပေ့ဖြစ်နေတဲ့Dazaiက အပြုံးပင်မပျက်....

Chuuyaခေါင်းထဲဗလာနတ္ထိဖြစ်နေလေပြီ....

ဦးနှောက်က ဘာတွေဖြစ်နေမှန်းမစဉ်းနိုင်ခင်မှာတင် သူ့လည်းပဲတိုက်ပေါ်ကခုန်ချပြီးနေပြီ။

အခုသူ့ခေါင်းထဲမှာDazaiကိုကယ်ရမယ်ဆိုတာသာပြည့်လို့နေတယ်......

စိတ်မတည်ငြိမ်တော့သည်နှင့်အမျှ စွမ်းအားတွေကမတည်ငြိမ်တော့ပဲ Chuuyaရဲ့ ဘေးပတ်ပတ်လည်မှာအနီရောင်အငွေ့တွေကရစ်ဝိုင်းနေလေသည်။

"Dazaii!"

မှီဖို့လက်တစ်ကမ်းအလိုကနေ လက်လှမ်းလိုက်ပြီး Dazaiရဲ့အသားကိုထိအောင်ကြိုးစားသည်။

Chuuyaတွေးတာက သူ့ရဲ့အစွမ်းနဲ့ Dazaiပေါ်သက်ရောက်နေတဲ့ကမ္ဘာ့ဆွဲအားကိုထိန်းချုပ်ပြီးအောက်မကျအောင်လုပ်မယ်ပေါ့...

ဒါပေမဲ့လည်း မထင်မှတ်ထားစွာပဲ Dazaiရဲ့အသားကိုထိမိသည်နှင့် အစိမ်းနုရောင်အလင်းတန်းတစ်ခုကထွက်လာပြီး Chuuyaရဲ့အစွမ်းကိုပျက်ပြယ်စေသည်။

"အာ....သေပြီ....အစွမ်းအကြောင်းမေ့သွားတယ်...."

Dazaiကအခုမှသတိရဟန်ဖြင့် ရယ်ကျဲကျဲပြောတော့ Chuuyaမှာအကြောင်သား...

တိုက်ပေါ်ကပြုတ်ကျနေတာတောင်ဒီအကောင်က?

ကြံရာမရသည့်အဆုံးChuuyaသူကိုယ်တိုင်အစွမ်းပြန်သက်ရောက်စေပြီး မြေပြင်ပေါ်အရင်ရောက်အောင်သွားပြီး Dazaiအားဆီးဖမ်းဟန်လက်ကိုအသင့်လုပ်ထားလိုက်သည်။

Chuuyaအတွက်ကတော့ အန္တရာယ်ကိုမသိပဲ ဆီးကြိုနေသည့် ယုန်သူငယ်လေးအလား....

Dazaiကတကယ့်ကိုအကျင့်မကောင်းတဲ့သူပဲ...

'Chuuyaကငါ့ကလေးငယ်ပဲ....ငါ့အာရုံခံစွမ်းရည်အရမမှားနိုင်ဘူး.....အာ...အခုချက်ချင်း ကုတင်ပေါ်ပစ်တင်လိုက်ချင်တယ်....မတရားခံရတဲ့ရုပ်လေးနဲ့ငိုနေမဲ့ပုံက အရမ်းချစ်ဖို့ကောင်းနေမှာ...'

Rebounding System(OC)Nơi câu chuyện tồn tại. Hãy khám phá bây giờ