Arc.1.2

16.7K 1.7K 127
                                    

{Zawgyi}

(ဒီအခန်းကစပြီးArc 1အဆုံးထိEdenကိုလင်းထွဋ်ဦးလို့ပဲသုံးပါတော့မယ်)

လင်းထွဋ်ဦးတစ်ယောက်ရေချိုးခန်းထဲတွင် ဈာန်ဝင်နေသောကြောင့် စောဒီပါမင်း ပြန်ရောက်လာတာပင်မသိလိုက်။

မိမိဆံပင်ကိုကျေနပ်လောက်တဲ့အနေထားရောက်ကာမှ ဆံပင်ညှပ်ခြင်းအမှုကိုရပ်လိုက်ပြီး ကိုယ်လက်သန့်စင်ကာ ထွက်လာခဲ့သည်။

လင်းထွဋ်ဦး ထွက်လာလာချင်း ကုတင်ပေါ်မိန့်မိန့်ကြီးထိုင်နေသော စောဒီပါမင်း၏အကြည့်က သူ့ထံစူးခနဲကျရောက်လာသည်...။

"ဟေ့ ထွဋ်ဦး မင်းဆံပင်ဘယ်လိုဖြစ်တာလဲ မင်းအဲ့ဆံပင်ကိုစောနကရေချိုးခန်းထဲမှာတစ်ချိန်လုံးညှပ်နေတာလား??"

"ဟုတ်တယ်လေ ငါ့ဆံပင်တွေရှည်နေပြီလေ လူကနုံးနေလိှု့ညှပ်နေတာ ဘာလို့လဲ"

ပြန်လည်ဖြေရှင်းချက်ကိုမတုံ့ပြန်ပါပဲ အထက်အောက်မျက်လုံးစုန်ဆန်ကာ ကြည့်လာသော ဇာတ်လိုက်ကောင်ကြောင့် လင်းထွဋ်ဦးမှာကြောင်အအရယ်.....

ခေါင်းရေသုတ်ပြီးထွက်လာသော လင်းထွဋ်ဦး ၏ပုံမှာ သာမန်အချိန်ထက် ပိုမိုသန့်ပြန့်နေသည်ကိုတော့ဝန်ခံရမည်...။

ဆံပင်ပါညှပ်လိုက်သည့်အတွက် ရှင်းသန့်နေတဲ့မျက်နှာကထင်ထင်ရှားရှားပေါ်လာကာအလွန်ကြည့်ကောင်းလှသည်။

"ဘာဖြစ်လို့လဲ ငါနဲ့မလိုက်လို့လား.."

လင်းထွဋ်ဦးရဲ့အသံကြောင့် ငမ်းနေသည်ကိုလူမိသွားသည့်နှယ် စောဒီပါမင်းတစ်ယောက် အရှက်ပြေချောင်းဟန့်ကာ ဟန်ကိုယ့်ဖို့ပြင်ရသည်..။

"ဘာ...ဘာမှမဟုတ်ပါဘူးကွာ မင်းဆံပင်ညှပ်လိုက်တော့ပိုကြည့်ကောင်းလာတယ်လို့ပြောမလို့"

"ကျေးဇူး....ငါအိပ်တော့မယ်ကွာ...မင်းလည်းစောစောအိပ် ဒီပါ...good night "

"အင်း...good night"

ခေါင်းကိုရေစင်အောင်သုတ်ပြီးနောက် လင်းထွဋ်ဦး သူ့ကုတင်ရှိရာသို့တက်လှဲကာ အိပ်ဖို့ကြိုးစားရသည်။

အနှောင့်တွေ အနှောင့်တွေ. . . . ။

ပက်လက်လှန်ဆက်အိပ်လို့အဆင်မပြေနိုင်တော့သောကြောင့် မှောက်ပြီးသာအိပ်ရသည်။

Rebounding System(OC)Where stories live. Discover now