Arc 2.10 (part-2)

9.4K 1.3K 57
                                    

{Zawgyi}

ကလေးငယ်က စာကိုကြိုးစားပမ်းစားလုပ်တာ ရှဲ့စစ်ရန်အနေနဲ့ ဝမ်းသာသင့်သည်ဆိုသော်လည်း
စိတ်ထဲဘဝင်မကျဘဲ ဖြစ်နေလေသည်။

တကယ်ပဲ ဘယ်လိုလူမို့လို့.......

ကလေးငယ်က စာသင်ဆောင်မှာလည်းစာသေချာ လိုက်လုပ်သည်တဲ့.....

ဉာဏ်လည်းတော်တော်ကောင်းလို့ သင်သမျှခဏလေးနှင့်တတ်သည်။

တိုက်ခိုက်ရေးပိုင်းရောပဲ ထင်ထားတာထက်တောင်အတတ်မြန်သေးသည်။

သူကိုယ်တိုင်သင်ပေးတာမို့ ကလေးငယ်ကတကယ်တော်တဲ့သူမှန်းသိသည်။

အရာအားလုံးကဝမ်းသာစရာပင် အဲ့ဝမ်းသာနေတဲ့စိတ်ကိုလာရှုပ်တာက ကလေးငယ်၏တစ်စုံတစ်ယောက်ကို ကာကွယ်ပေးချင်တယ်ဆိုတဲ့စကား။

ရှဲ့စစ်ရန်အနေနဲ့ကလည်း ခမည်းတော်ဆိုတဲ့ပါဝါသုံးပြီးလည်းမမေးချင်တာမို့ ကလေးငယ်ကိုယ်တိုင်ပြောမည့်အချိန်ကိုစောင့်နေခြင်း။

တစ်ပတ်အတွင်း ကလေးငယ်က အရမ်းကိုရင့်ကျက်လာတယ်လို့ခံစားရတယ်

သူကိုနဂိုလို အရမ်းချွဲမနေတော့ သူတစ်ခွန်းပြောလိုက်လျှင်လည်း မေးခွန်းတွေပြန်မထုတ်ပါပဲနဲ့ နားထောင်သည်။

တစ်ခါတလေဆို သူမြန်မြန်အသက်ကြီးလာချင်ပြီလို့ပြောတယ်။

ခုတလောအတွင်းကလေးငယ်၏အတွေးတွေကိုသူလိုက်မမှီတော့။

နေစေတော့ ရှိစေတော့ ကလေးငယ်က သူ့ကိုတချိန်ချိန်တော့ပြောပြမှာပေါ့။

ဒီနေ့ အရေးကြီးတဲ့သူတစ်ယောက် နန်းတော်ပြန်လာမဲ့နေ့ပဲ။

Poohရဲ့သတင်းပေးချက်အရ ရှဲ့ဖန်းချင်က ရှဲ့စစ်ရန်ကို အခုတော်တော်လေးအမြင်မကြည်ဖြစ်နေသည်တဲ့။

ဘယ်လောက်များ သွေးထိုးထားလည်းမသိ။

ဇာတ်လိုက်က သူ့ကိုဒီနေ့လာတွေ့မယ်လို့ စီစဉ်နေတယ်တဲ့။

ဒါတွေကို ရှဲ့စစ်ရန် အရေးမထားပါ။

ဒါပေမဲ့ ဒီထက်အရေးကြီးတာတစ်ခုရှိသေးတယ်။

Rebounding System(OC)Where stories live. Discover now