Arc 5 Intro

7.9K 938 56
                                    

{Zawgyi}

Edenဒီတစ်ခါရောက်လာတဲ့အချိန်ကတော့ သက်တောင့်သက်သာရှိသလိုလိုပဲ.....

နိုးနိုးချင်းသိရတာက ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ သူ့ကိုယ်သူရယ် သူရောက်နေတာက ယာယီတဲတစ်ခုဖြစ်ကြောင်းရယ်......

[Host အချက်အလက်တွေကူးပြောင်းပေးပါတော့မယ်....
နာကျင်မှုအနည်းငယ်ရှိနိုင်ကြောင်းကြိုအသိပေးပါတယ်....]

Poohရဲ့စကားဆုံးသည်နှင့် ခေါင်းထဲအလုအယက်ဝင်လာတဲ့ Dataတွေ....

Edenခေါင်းတွေလည်ထွက်သွားသလိုပဲ...
ဒီတစ်ခါပိုနာတယ်.....

[ကမ္ဘာအဆင့်မြင့်လေ....အချက်အလက်များလေ....နာကျင်မှုကပိုများလေဖြစ်ပါတယ်...သည်းခံပေးပါHost.....]

Eden နာကျင်မှုကိုလျစ်လျူရှုကာအချက်အလက်တွေကိုသာစဖတ်လိုက်သည်...

ဒီကမ္ဘာမှာ လူရယ် မိစ္ဆာရယ်ဆိုပြီး၂မျိုးရှိတယ်
ဝိဉာဉ်သားရဲဆိုတဲ့အမျိုးအစားလည်းရှိပေမဲ့ သူတို့ကလူတွေကိုမုန်းလို့ မိစ္ဆာအဖွဲ့ထဲပဲဝင်လိုက်တာ...

ဒီကမ္ဘာရဲ့ဇာတ်လိုက်ကလူလောကရဲ့အိမ်ရှေ့စံ....
နာမက လျန့်ဝူဟွမ့်

သူကမွေးဖွားလာထဲက မိစ္ဆာလောကကိုအပြတ်နှိမ်နင်းနိုင်မယ့်ဇာတာခွင်နဲ့မွေးလာတာ....

ဇာတ်လိုက်မကတော့ နန်းတွင်းကသမားတော်တစ်ဦး......နာမက ဟိုချီ

ဇာတ်လမ်းလေးကတော့ရှင်းရှင်းလေးပါ...

ဇာတ်လိုက်က အစထဲကအထူးအဆန်းတွေဆိုစိတ်ဝင်စားတတ်ပြီး သူ့ရဲ့ကျင့်ကြံဆင့်မြင့်ဖို့ဆို ဘာမဆိုအကုန်လုပ်မဲ့လူစားမျိုး...

တစ့်နေ့မှာဇာတ်လိုက်မက နတ်ဝိဉာဉ်ပိုင်ဆိုင်ထားတဲ့သားရဲကြောင်တစ်ကောင်ကိုဖမ်းပြီး ဇာတ်လိုက်ကိုပေးလိုက်တယ်..

ဘယ်လိုဖမ်းတာလဲလို့မေးတော့ နှင်းတောင်မှာဆေးမြစ်တွေသွားရှာရင်း တွေ့လို့ယူလာတာပါတဲ့.....

ဇာတ်လိုက်မကအဲ့အချိန်က နတ်ဝိဉာဉ်သားရဲရဲ့အကူအညီနဲ့ ကျင့်ကြံဆင့်က ဆရာတစ်ဆူဖြစ်နေပြီ ဇာတ်လိုက်နဲ့အဆင့်တူတာပေါ့......

Rebounding System(OC)Where stories live. Discover now