Arc 5.2(part 2)

5.7K 962 60
                                    

{Zawgyi}

နန်းတော်ထဲကကြာကန်ဘေးနားတွင်ဖြစ်သည်...

လျန့်ဝူဟွမ့် ရေကန်ကိုတွေတွေကြီးစိုက်ကြည့်ကာ အတွေးတို့က မနေ့ကဆီသို့ပြန်လည်အလည်သွားလေသည်.....

မနေ့ကသူ့ကိုယ်ရံတော်ပိုင်ယန့်ကိုစုံစမ်းခိုင်းထားသည့်စစ်သူကြီးအကြောင်းများအရ စစ်သူကြီးက ဟိုချီဆိုသောသမားတော်အမျိုးသမီးအားကြိုက်နှစ်သက်နေပုံရသည်.....

နေစမ်းပါဦး...ငါကဘာလို့ စစ်သူကြီးအကြောင်းတွေစုံစမ်းနေတာလဲ.....

မနေ့ကထဲက လျန့်ဝူဟွမ့် ကိုယ့်ကိုကိုယ်နားမလည်နိုင်ဘဲလုပ်နေမိသည်က စစ်သူကြီးအကြောင်းတွေးနေခြင်းပင်...

ငါဘာဖြစ်သွားတာလဲ.....

ကြောင်ကိုတောင်စစ်သူကြီးအနားကခွာဖို့ကြံတယ်ဆိုထဲက တော်ရုံမဟုတ်တော့ဘူး....

အခုလည်း စစ်သူကြီးနှစ်သက်နေတယ်ဆိုသော အမျိုးသမီးသမားတော်ကိုတွေ့ဖို့အခေါ်လွှတ်ထားမိသည်...

တကယ်ပဲ ငါလိုချင်နေတာဘာများလဲ.....

ရူးများသွားတာလား......

အရင်ကစစ်သူကြီးကိုအာရုံတောင်မရခဲ့တာ...မနေ့ကမှဘယ်လိုဖြစ်တာလဲ.....ထူးဆန်းတယ်....

"အရှင့်သား...."

လျန်ာဝူဟွမ့်အတွေးနစ်နေတုန်းနောက်ပါးမှ ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့...

သူအခေါ်လွှတ်ထားသည့် အမျိုးသမီးသမားတော်....

"ကျွန်မကိုခေါ်တယ်ဆိုလို့ပါ...ဘာများအလိုရှိလို့ပါလဲ...."

"မင်းနဲ့..စစ်သူကြီးကဘာလဲ....."

"ရှင်....."

"မင်းစစ်သူကြီးကိုနှစ်သက်နေတာလား...."

အလျင်စလိုမေးနေတဲ့ လျန့်ဝူဟွမ့်က ဟိုချီရဲ့အမူအရာကိုအာရုံမရပါပဲ ပြန်ပြောလာမည့်အဖြေကိုသာစောင့်နေလေသည်...

အရှင့်သားက ငါ့ကိုဒီလိုခေါ်မေးတယ်ဆိုတော့ မဟုတ်မှလွဲရော ငါ့ကို....

ဟဟ  ငါတောင်ဘာမှသိပ်မလုပ်လိုက်ရဘူး အရှင့်သားကငါ့ဆီကြွေဆင်းနေပြီပဲ....

Rebounding System(OC)Where stories live. Discover now