Arc 9.3

858 136 17
                                    

{Zawgyi}

အဖွဲ့ဝင်သိပ်မများသော်လည်း နဂို၅ယောက်မှ၇ယောက်ထိတိုးသွားသောကြောင့် ကား၂စီးဖြစ်သွားရသည်။

လူမှမဆန့်ပဲကိုးးး။

ပထမတစ်စီးတွင် Rydasနှင့် အဖွဲ့သား၂ယောက်ပါပြီး ဒုတိယကားတွင်တော့ Zira,Rogerနှင့် Hanအပြင် ကျန်အဖွဲ့သားတစ်ယောက်က ကားမောင်းလေသည်။

နဂိုအခေါက်တို့တွင် ကားကိုအသုံးပြုလေ့မရှိသော Ziraမှာ ယခုတွင်တော့ ကလေးငယ်ပါသည့်အတွက် ကားဖြင့်သာ သွားဖို့ဆုံးဖြတ်လိုက်ခြင်းပင်။

အင်းးး အပြန်ကြရင် ဓာတ်ဆီလည်း ရှာရမယ်...။
ကားတွေထဲ ဆီနည်းနေပြီ။

"ခေါင်းဆောင်...."

ကားပေါ်တွင်ပါသောအဖွဲ့သားလေးမှာ ရှေ့ကားကရပ်သွားသည့်အတွက် ကားရပ်ရန်Ziraဆီမှ ခွင့်ပြုချက်တောင်းချင်ပုံရသည်။

ရှင်းလင်းနေသည့် ကတ္တရာလမ်းကြီးမှာ ရှေ့ကားကဘာလို့ရပ်လိုက်ရတာလဲ။

စိတ်အလိုမကျမှုကြောင့် Ziraကားထဲကဆင်းဖို့ဟန်ပြင်လေတော့ နောက်မှတောက်တဲ့လိုကပ်နေသည့် Hanက လိုက်ဆင်းလာလေသည်။

"ကားထဲမှာပဲနေလေ...."

"မနေချင်ဘူး....လူကြီးနောက်ပဲလိုက်မှာ"

ပြောမရသည့်အဆုံး ကလေးငယ်လက်ကို တင်းတင်းဆုပ်ကိုင်ကာ ရှေ့ကား၏ အခြေအနေကိုသွားကြည့်ရသည်။

"ဘာဖြစ်တာလဲ...."

"ဘာဖြစ်ရမှာ....ဘာမှမဖြစ်ဘူး ငါသေးပေါက်ချင်လို့"

Rydas၏ ပက်ခနဲပြန်ပြောသော စကားကြောင့် Ziraမည်သို့မည်ပုံပြောရမည်မှန်း မသိတော့ပါချေ.။

တကယ်ကြီး? ဒီလိုအခြေအနေမှာ သူကသေးပေါက်ဖို့ကို အာရုံရောက်နိုင်သေးတာလား။

"ဖယ်စမ်းပါဟ...ထွက်ကျတော့မယ်.."

Ziraအားတွန်းတိုက်သွားကာ လမ်းဘေးဘက်သို့ဆင်းသွားသော Rydasမှာ အကြောက်တရားဆိုတာ စိုးစိတောင်ရှိပုံမပေါ်...။

ကျန်အဖွဲ့သားလေးတွေမှာတော့ ထိုခေါင်းဆောင်၂ယောက်ကြောင့် အသက်ပင်ရဲရဲမရှူရဲတော့ပါ....။ သူတို့အလှည့်ကျမှ ဘာလို့ ဒီလောက်ကံဆိုးနေရတာလဲ။

Rebounding System(OC)Where stories live. Discover now